အပျင်းကြီးသူတွေအတွက် မျက်မှန်

အပျင်းကြီးတဲ့ သူတွေအတွက်လို့ ရွဲ့ပြောရမလိုဖြစ်နေပြီ။
လူတွေများပေါက်ပေါက်ရှာရှာ စဉ်းစားတတ် ပါပေ့။ငယ်ငယ်က ကျွန်တော်တို့တွေ
ကစားစရာ အဖြစ်ချောင်းကြည့်ပေါက် မှန်ဘီလူးလေးတွေ ကစားဖူး မှာပေါ့။
တည့်တည့်ကြည့်ရင် ဘေးဘက်ကမြင်ကွင်းတွေကို လမ်းကြောင်း လွဲဖန်တီးထားတဲ့
မှန်ဘီလူးလေးတွေ ပေါ့။ အခုတော့ စဉ်းစားဥာဏ်ရှိတဲ့ ဥာဏ်ကြီးရှင် တွေက
လူတွေကို ဇိမ်လေးနဲ့ငြိမ့်လို့ရအောင် ပြောင်း လည်း ဖန်တီးပေးလိုက်ပါတယ်။
ခက်ခက်ခဲခဲဖန်တီးထားတာမဟုတ်ပေမယ့် အသုံးတည့်လာဦးမယ့် လမ်းကြောင်းလွဲ
စာကြည့် မျက်မှန်ဖြစ် လာဦးမှာပါ။ မျက်လုံးအနေထားကို စာအုပ်ရှိတဲ့
နေရာတွေကို ရွေ့ပြောင်းကြည့်ရှုစရာမလိုအောင် နဂို အနေထား အတိုင်း
အဆင်ပြေအောင်ဖန်တီးပေးထားပါတယ်။
အိပ်နေရင်းနဲ့ တီဗီကြည့်တာတို့၊စာကြည့်တဲ့အခါ မျက်မှန်လေးတပ်ပြီး သက်သောင့်သက်သာ ကြည့်ရှု အဆင်ပြေစေမယ့် မျက်မှန်လေးပါ။
အွန်လိုင်စတိုးလို နေရာမျိုးမှာတောင် ဝယ်ယူသူတွေ အကြိုက်တွေ့ ရေပန်းစားတဲ့
အဆိုပါမျက်မှန် ပြည်တွင်းကို ရောက်ရင်ရောက်
လာနိုင်ပါတယ်။ အခုဒီသတင်းကိုကြားပြီး လက်တဲ့စမ်းဖန်တီးတဲ့သူတွေ လည်း
ပေါ်ရင်ပေါ်လာ နိုင်ပါတယ်။အဲကျရင်တော့ ဈေးမကြီးဖို့တော့မျှော်လင့်ပါတယ်။
အမေဇုန်အွန်လိုင်းစတိုးမှာ ၂၆ ဒေါ်လာနဲ့ရောင်းချပေးနေတယ်လို့တော့ သိရပါတယ်။
Ref:techblog
No comments:
Post a Comment