Saturday, January 24, 2015

တရုတ်ဖုန်းတွေကို အလွယ်တကူ Root နိုင်တဲ့ China Root Tool (New!)

တရုတ်ဖုန်းတွေကို အလွယ်တကူ Root နိုင်တဲ့ China Root Tool (New!)

Monday, April 21, 2014


ဒီ Root Tool လေးကတော့ China Devices တွေနဲ့ ထိုင်း ထုတ် ဖုန်းတွေကို Click တစ်ချက်နဲ့ အလွယ်တကူ Root ပြုလုပ်နိုင်ပါတယ်...

အားလုံး စမ်းသပ်နိုင်ဖို့ ပြန်လည်မျှယပေးလိုက်ပါတယ်..။

ZhuoDaShi is a pretty good chinese rooting software for Android devices. It reaches now the 2.4.0.1 number version. The program is actually written in Chinese so it will look odd on your PC, however I’ll show you exactly what needs to be clicked and when.

Click Here to Download 

(or)

Click Here to Download

ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

နယ်စပ်ရှိ တရုတ်ဘဏ်က မြန်မာငွေစာရင်း ၂၀ ခန့် ထပ်မံပိတ်

နယ်စပ်ရှိ တရုတ်ဘဏ်က မြန်မာငွေစာရင်း ၂၀ ခန့် ထပ်မံပိတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နှင့် အနီးဆုံး တရုတ် နိုင်ငံမှ  ရွှေလီ၊ ကြယ်ခေါင်မြို့ရှိ လယ်သမားများဘဏ် (ABC)တွင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ ငွေစာရင်း ၂၀ ခန့်ကို မကြာသေးမီရက်ပိုင်းက ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
‘‘ငွေလဲလုပ်တဲ့ လူတွေရဲ့ အကောင့် (ငွေစာရင်း)တွေ ပါ တယ်လို့တော့ ကြားတယ်’’ ဟု မူဆယ်ဆန်စပါးလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုရာတွင် ငွေလဲလုပ်ငန်း လုပ် ကိုင်နေသူများကိုသာ အားကိုးနေ ရသဖြင့် ငွေလဲလုပ်ကိုင်သည့်သူ များ ငွေစာရင်း ပိတ်ပင်ခံရပါက ကုန်သွယ်မှုလုပ်ငန်း ထိခိုက်နိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်သည်။
 တရုတ်နိုင်ငံတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး တင်း တင်းကျပ်ကျပ် စတင်လုပ်ဆောင် နေပြီး လွန်ခဲ့သည့် နှစ်လကျော်က မြန်မာနိုင်ငံသားများ၏ ဘဏ်အ ကောင့် ၃၀၀ ခန့် ပိတ်ပင်ခံခဲ့ရ သည်။

ထိုအပိတ်ခံရသူများထဲတွင် ကုန်လုပ်ငန်းရှင် အချို့ပါဝင်ပြီး ယခုအချိန်ထိ ပြန်လည် ဖွင့်လှစ် ပေးခြင်းမရှိဘဲ မြန်မာအစိုးရအ နေဖြင့် ကူညီပေးရန် ကုန်သည်အ ချို့ပါဝင်ပြီး ယခုအချိန်ထိ ပြန် လည်ဖွင့်လှစ်ပေးခြင်းမရှိသေးဘဲ မြန်မာအစိုးရအနေဖြင့် ကူညီပေး ရန် ကုန်သည်အချို့က တောင်းဆို ထားသည်။
     ယခင်ကတရုတ်အစိုးရသည် မသင်္ကာသော ဘဏ်အကောင့်အ ချို့ကို ပိတ်လေ့ရှိပြီး ခြောက်လခန့်ကြာပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးလေ့ရှိကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။
ပြီးခဲ့သည့် နှစ်လကျော်က တရုတ်နိုင်ငံမြောက်ပိုင်း၌ မူးယစ် ဆေးဝါးနှင့်ပတ်သက်သူတစ်ဦး ကို ဖမ်းဆီးရမိပြီးနောက်မြန်မာတရုတ်နယ်စပ်  ရွှေလီ၊ ကြယ်ခေါင်တွင်  ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားအချို့၏ ငွေစာရင်းများ စတင်ပိတ်ခဲ့သည်။

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

Monday, December 15, 2014
Medicine ဆေးတွေကို ဘယ်လောက် ရက်ကျော်ရင် Expire လို့ သတ်မှတ် ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။

“ပဲလှော်လို ဝါးစားကြတယ်” လို့ တင်စားတတ်တဲ့ အများသုံးဆေးတွေထဲက အကိုက်အခဲ- အဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ သောက် မိရင် သေနိုင်တယ်လို့ အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။

အမေရိကားမှာ ၁၉၇၉ ခုနှစ် ကတည်းက ဆေးမှန်သမျှ Expiration date သက်တမ်းကုန်မဲ့ ရက်စွဲ ပါကို ပါရမယ်လို့ ဥပဒေနဲ့ သတ်မှတ် ထားတယ်။ ဒီကြားထဲမှာ Drug manufacturer ဆေး ထုတ်လုပ်သူကနေ Full potency and safety ဆေးအာနိသင် နဲ့ စိတ်ချရမှုအတွက် အာမခံရမယ်။

သမိုင်းနဲ့ပြောရရင် ၂ဝဝဝ ခုနှစ် မတ်လ ၂၉ ရက်ထုတ် Wall Street Journal မှာ ကျယ်ကျယ်ပြန့်ပြန့် လေ့ လာမှုတခုကို Laurie P. Cohen ကနေ ထုတ်ဖေါ် ရေးသားခဲ့တယ်။ US military အမေရိကန် စစ်တပ် ဟာ ဒေါ်လာ ၁ ဘီလျန်ဘိုးရှိတဲ့ ရက်စွဲလွန် ဆေးဝါးတွေ ရှိနေတာ ၂-၃ နှစ်တခါ ကြုံနေရတယ်။ ဒါကြောင့် US Food and Drug Administration (FDA) ကို စမ်းသပ်မှုတခု ပြုစေခဲ့တယ်။ ဆေး အမယ်ပေါင်း ၁ဝဝ ကျော်ကို စမ်းသပ်တယ်။ ဆေးဆိုင်ကောင်တာမှာ အလွယ် ဝယ်လို့ရတာတွေရော၊ ဆေးလက်မှတ်ပါမှ ဝယ်လို့ရတာတွေရော ပါတယ်။

အဖြေကတော့ "၉ဝ% သောဆေးတွေဟာ ၁၅ နှစ်သက်တမ်းလွန်တာတောင် အာနိသင်ရှိသေးတာ တွေ့ရ တယ်။ စမ်းသပ်မှု ဒါရိုက်တာ (ဟောင်း) Francis Flaherty ကနေပြောတာက "Expiration dates ရက်စွဲ လွန်တယ်ဆိုတာ Usable for longer ကြာရှည်သုံးမရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး" တဲ့။

"ရက်စွဲဆိုတာ သိပ္ပံသဘောအရ ပြောရတာသာ ဖြစ်တယ်" လို့ Mr. Flaherty က ပြောခဲ့ပါသေး တယ်။ ဆေးကောင်တာမှာ ၁ဝ နှစ်အထိ ထားနိုင်တဲ့ ဆေးမျိုးဟာ ဆေးထုတ်လုပ်သူတွေအတွက် တွက်ခြေ မကိုက်ဘူး မဟုတ်လား။

FDA က ဆေးရက်စွဲပညာရှင် Joel Davis ကပြောတက ချွင်းချက် လက်တဆုပ်စာ ရှိပါတယ်။ Nitroglycerin နှလုံး သွေးကြောကျဉ်း အတွက်ဆေး၊ Insulin ဆီးချိုထိုးဆေး နဲ့ Liquid Antibiotics ပဋိဇီဝဆေးရည် တချို့တွေ ဖြစ်တယ်။

Bayer AG ဆေးကုမ္ပဏီက Aspirin ဆေးကို သက်တမ်း ၂-၃ နှစ်ဘဲ သတ်မှတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီ ဒုဥက္ကဋ္ဌ Chris Allen က ဒီလိုသတ်မှတ်ချက်ဟာ Pretty conservative ရိုးစွဲအစဉ်အလာအရ ဖြစ်ပါတယ်။ ၄ နှစ်သက်တမ်းရှိတဲ့ Aspirin ကို စမ်းသပ်ကြည့်တာ 100% effective ၁ဝဝ% ထိရောက်တာတွေ့ပါတယ်။ ဒါဖြင့်ရင် ဘာလို့ ၄ နှစ် မသတ်မှတ်ပါသလဲ။ "ဆေးတွေကို ထုပ်ပိုးမှု အသစ်တွေ လုပ်ပါတယ်။ Continuous improvement programs အစဉ် တိုးတက် ကောင်းမွန် နေစေရေး အစီအစဉ်အရ လုပ်တာပါ။ လုပ်တိုင်းလဲ စမ်းသပ်မှု လုပ်ရတယ်။ ခက်တာက ၄ နှစ်တခါထက် ပိုမလုပ်နိုင်ပါ။ ဒါ့ကြောင့် Aspirin ကို ၄ နှစ်ထက် ပိုကောင်းနေတယ်လို့ ရေးမဖြစ်တော့ပါ။"

ဆေး အတော်များများက အဲလိုဖြစ်ပါတယ်။ Tetracycline (တက်ထွာဆိုက်ကလင်း) ဆေးကို ချွင်းချက် မထားလို့မရပါ။ ရက်ကျော်လို့ လုံးဝမရပါ။ ဒါတောင် အငြင်းပွါးနေတာ ရှိပါသေးတယ်။ ရက်ကြာလေလေ ထိရောက်မှု နည်းလေးလေးဖြစ်တာ သဘာဝပါ။ ဒါတောင် သူ့အစွမ်းက သတ်မှတ်ရက်နောက် ဆယ်စုနှစ်တွေ ကြာတာတောင် ရှိနေပါသေးတယ်။

မေးစရာရှိလာပါပြီ။ ဆေးရက်လွန်နေ့စွဲတွေ တပ်တာဟာ ဆေးရောင်းသူတွေကနေ ဆေးတွေ ထပ်ဝယ်နေ ကြစေအောင် တမင်တကာ လုပ်ကြတဲ့ Marketing ploy ဈေးကွက် ဆင်လုံးလား။ ခင်ဗျားဆေးဘီရို ကို ဆေးဖြည့်တော့ သူတို့ ပိုက်ဆံအိပ်ကိုပါ ဖြည့်ပေးရာကျတယ် မဟုတ်ပါလား။

ဆေးဆိုတာ တကယ်ရက်လွန်သလား
၂ဝဝ၂ ခုနှစ်၊ စက်တင်္ဘာလထုတ် Psychopharmacology Today ဆေးဝါး-စိတ်ပညာစာစောင်မှာ ရေးထား တာတခု ရှိပါတယ်။ Richard Altschuler ကရေးတာမှာ "ဆေးကုမ္ပဏီတွေက ကျွန်တော်တို့အပေါ် ရိုးသား ပါရဲ့လား" လို့ မေးထားတယ်။ "ကျွန်တော့် ယောက္ခမ အလိုအရ ဒီရက်ကျော်ရင် ဒီဆေးကို မသုံးပါနဲ့ဆိုတာ အလကားပါဘဲ တဲ့။ ရက်လွန်တာ ၄ နှစ်ရှိနေတဲ့ Tylenol (ပါရာစီတမော) ကို သောက်ရင်း ပြောလိုက် တာပါ။ ဆေးသောက်ပြီး ကိုက်တာ ခဲတာတွေ သက်သာသွားတယ်လို့ ဆိုတော့ ကျွန်တော်က ဒါဟာ ခင်ဗျားမှာ Placebo effect ရတာနေမှာပါ။"

ဆေးသုတေသနတွေ လုပ်တိုင်း စမ်းသပ်တဲ့ဆေးကို လူအုပ်စုတခုကိုပေး၊ ကျန်တအုပ်စုကို တခြား ဆေးပေး တယ်။ တခြားဆေးဆိုတာ စိတ်ကိုလှည့်စားစေမဲ့သဘော ရှိတယ်။ ဒီလိုသတ္ကိကို Placebo လို့ ခေါ်တယ်။ လူနာက စိတ်သက်သာရာ ရတတ်တယ်။ ဆေးထိုးပေးမှ သက်သာမယ်လို့ ဆေးခန်း မလာခင်ကတည်းက စွဲမှတ်လာသူကို ဆေး တခုခုထိုးပေးရသလိုဘဲ။

စာရေးတဲ့သူက စိတ်မကျေနပ်တာနဲ့ ဆေးဝါးဗေဒဆိုင်ရာတွေကို ဆက်ပြီး သုတေသန လုပ်ပါသတဲ့။ ဥပဒေပြဌာန်းပြီး ဆေးရဲ့ သက်တမ်းကုန် ရက်စွဲ ရိုက်ပြီးမှ ရောင်းရမယ်ဆိုတဲ့ သဘော ဟာ ဆေးထုတ်လုပ် သူတွေကနေ အဲဒီရက်အထိ ဆေးရဲ့ Full potency အာနိသင်အပြည့်အဝ နဲ့ Safety စိတ်ချရမှုကို အာမခံ ချက်ပေးရတဲ့ ရက်အပိုင်းအခြားသာဖြစ်တယ်။ ဆိုလိုတာက ဆေးကို အဲဒီကာလအထိသာ ကောင်းနေ တယ်လို့ ပြောနေတာ မဟုတ်တာ သိလာတယ်။

ဒုတိအချက်ကတော့ ဆေးဝါးပညာရှင်တွေကလဲ Expiration date ကျော်နေပေမဲ့ ဆေးဟာ Safe စိတ်ချ ရသေးတယ်လို့ တသမတ်ထဲ ပြောကြတယ်။ ချွင်းချက်နဲနဲတော့ရှိပေမဲ့ အဲလိုဆေးသုံးစွဲလို့ ဘာမှ ဒုက္ခမဖြစ်ပါ။ မသေနိုင်ပါ။ ဥပမာ ရက်စွဲလွန်နေတဲ့ Tetracycline (တက်ထွာဆိုက်ကလင်း) ကြောင့် ကျောက်ကပ်မှာ Renal tubular damage ရစေနိုင်တယ် ဆိုတာ ၁၉၆၃ တုံးက JAMA မှာ G. W. Frimpter နဲ့အဖွဲ့ က ရေးထားတယ်။ ငြင်းဆိုချက်တွေတော့ ရှိပါတယ်။

တတိယအချက် ရက်စွဲကျော်တာနဲ့ ဆေးတွေဟာ အာနိသင်နည်းနည်းလာနိုင်တယ်။ ၅% ကနေ ၅ဝ% လို့ခန့်မှန်းတယ်။ ဒါပေမဲ့ ဆေး အတော်များများဟာ သက်တမ်း ၁ဝ နှစ်ကျော်နေတာတောင် Original potency မူလဆေးစွမ်း ရှိနေပါသေးတယ်။ ဒီတော့ ဒီလို စဉ်းစားသင့်တယ်။ အရေးကြီးတဲ့၊ အသက် ကယ်မဲ့ဆေးမျိုးဆိုရင် Better safe than sorry ဆေးသစ်ဝယ်ပါ။ ရောဂါလက္ခဏာ သက်သာရုံ လုပ်ပေးတဲ့ဆေးမျိုးဆိုရင် ဥပမာ Headache ခေါင်းကိုက်ပျောက်ဆေး၊ Hay fever နှာစေးပျောက်ဆေး၊ Menstrual cramps ရာသီလာတော့ နာတာသက်သာဆေးမျိုးဆိုရင် ပိုက်ဆံ အပိုအကုန်ခံမနေပါနဲ့။

သူများတွေ ရေးတာထဲမှာ Vaccines ကာကွယ်ဆေးတွေ၊ (Insulin ကလွဲရင်) Injections ထိုးဆေးတွေ မပါတာ သတိထားမိပါတယ်။ ဆီးချိုအတွက် ထိုးဆေး (အင်စူလင်) ကလဲ အများသိ၊ အများသုံးလိုဖြစ်နေလို့ ပါတာဖြစ်ပါတယ်။ အထက်မှာ ကိုးကား ရေးသား တာတွေဟာ အိမ်သုံးဆေးတွေကိုသာ ဆိုလိုတယ်လို့တော့ သတိထားစေချင်ပါတယ်။ ထိုးဆေးတွေထဲမှာ သွေးပြန်ကြောထဲထိုးရတဲ့ IV Injections တွေ မပါပါ။ မေ့ဆေးတွေ၊ ထုံဆေးတွေ မပါပါ။

Liquid drugs ဆေးရည်တွေဟာ ရက်ကြာကြာမခံပါ။ ကလေးတွေအတွက် ဆေးမှုံ့ပုလင်းတွေ ရှိတယ်။ ဆေးတိုက်ခါနီးမှာ ရေနဲ့ဖျော်ပြီး တိုက်ရတယ်။ ဖျော်ထားပြီးသားဆေးကို ကြာကြာထာလို့ မရတော့ ပါ။ များသောအားဖြင့် ပဋိဇီဝဆေးတွေဖြစ်တယ်။ Amoxacillin, Ampicillin, Septrin စတာတွေ ဖြစ်တယ်။

ဆေးတွေကို အထားအသိုကလဲ အလွန်အရေးကြီးတယ်။ ရက်စွဲမကုန်သေးတာတောင် အထားမတတ်ရင် အစွမ်းမရှိတော့ဘူး ဖြစ်နိုင်တယ်။ အထားအသိုဆိုတာ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆ စတာတွေ ပါတယ်။ ဆေးညွှန်းမှာ ပါတာကို သေခြာဖတ်ပြီး လိုက်နာရတယ်။ ဆေးပုလင်းကို အရောင်ရင်ရင့် (အညိုရောင်၊ အပြာရောင်) မှာ ထည့်ရောင်းတာဆိုရင် သတိထားပေတော့ အလင်းရောင်ကို မခံနိုင်လို့ ဖြစ် တယ်။

ကလေး-ကာကွယ်ဆေးတွေကို Cold chain အအေးခံစနစ် သံကြိုးကွင်းဆက်လို လုံးဝ အပြတ်အတောက် မရှိ ဆက်တိုက် ထားရ၊ သယ်ရ၊ ရောင်းရမယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီရဲ့ဓါတ်ခွဲခန်းကနေ ကလေးရဲ့ တင်ပါး-လက်မောင်း-ပေါင်က ကြွက်သားထဲ ဝင်သွားတဲ့အထိ တနေရာကလေးမှ အပြတ်အတောက် မရှိ အေးနေစေရတယ်။ EPI ကာကွယ်ဆေးစီမံချက် စလုပ်ရတော့ မြန်မာပြည် တောနယ်တွေမှာ ရေနံဆီ သုံး ရေခဲသေတ္ကာတွေသုံးခိုင်းတယ်။ လမ်းမှာ Ice packs ရေခဲဗူးလေးတွေနဲ့ Cold boxes အပူခံသေတ္ကာ ကြီးငယ်တွေနဲ့ သယ်ရပို့ခဲ့ရတယ်။ အခုတော့ လျှပ်စစ်စွမ်းအင် လုံလောက်လို့ထင်ပါ့ရဲ Gas သဘာဝ ဓါတ်ငွေ့တွေ ရောင်းလို့တောင် မကုန်ဘူးဆိုဘဲ။

Natural disasters ကျော်လွှားမရတဲ့ သဘာဝတရား၊ Obstacles အခက်အခဲ မျိုးစုံတွေကြားက ကျွန်တော်တို့ ရင်သွေးများ ဘယ်လောက်အထိ ကူးစက် ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်မှုရကြပါသလဲ။ ကျွန်တော် တာဝန်ထမ်းခဲ့တဲ့ (၁၉၇၃-၁၉၈၈) ၁၅ နှစ်တာ ကာလအတွင်း ဆေးပညာသယ် တယောက် အနေနဲ့ အာမခံချက် များများ မပေးနိုင်ပါ။ အဲဒီခေတ်က တချို့ စာရင်း ဇယားတွေကို လက်မခံနိုင် ပါ။ နိုင်ငံရေး-အုပ်ချုပ်ရေးစနစ် ညံ့လွန်လွန်းလို့ Human error လူ (စီမံခန့်ခွဲသူတွေ) အမှားတွေ များခဲ့ပါ တယ်။ လူကြောင့် မှားတာကို မူပြောင်းတယ်ဆိုရုံနဲ့ မရပါ။ ကိုယ်-စိတ် ကျန်းမာ ချမ်းသာချင်ရင်တော့ လူတွေပါပြောင်းဘို့ လိုမယ်။

• Don't be tempted to use expired medicines ရက်စွဲလွန်ဆေးကို သုံးပါလို့တော့ မတိုက်တွန်းပါ။
• The bottom line အခြေခံစည်းမျဉ်းက အသက်ကယ်ဆေး မဟုတ်တာကို ရက်လွန်ပေမဲ့ နှမြောတာ ရပါတယ်။
• Expiration date is when it is no longer fit to be sold ရက်စွဲလွန်ဆိုတာ ဆေးရောင်းသူတွေအတွက် မရောင်းနဲ့တော့လို့ ပြောချင်တာ ဖြစ်ပါတယ်။
• Expiration date ဆိုတာ ဖတ်လို့ရတယ်။ ဖတ်လို့မရတာတွေလဲ သတိထားပါလေ။

Dr. တင့်ဆွေ
၂၅-၁ဝ-၂ဝ၁၁