Tuesday, August 26, 2014

အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ....

အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ....

Wednesday, August 27, 2014
အသက် (၈၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအို တစ်ဦးဟာ စတုတ္ထ အကြိမ်မြောက် အိမ်ထောင်ပြုခဲ့ ပါတယ်... အဲဒီသတင်းကို ကြားတဲ့ ဒေသတွင်းရှိ သတင်းဌာန တစ်ခုက အဖွားအိုကို လာရောက် အင်တာဗျူး လုပ်ခဲ့ပါတယ်...

သတင်းဌာနက အဖွားအိုရဲ့ ဘ၀ကောက်ကြောင်း တွေ... ဒီအသက်အရွယ် ရောက်မှ အိမ်ထောင်ပြု တာနဲ့ ပတ်သက်ပြီး အဖွားအိုရဲ့ ခံစားချက်တွေကို မေးမြန်းခဲ့ပါတယ်... အဲဒီနောက်မှာတော့ ယခု စတုထ္တမြောက် ခင်ပွန်းဖြစ်သူရဲ့ အလုပ်အကိုင်ကို မေးမြန်း ခဲ့ပါတယ်....

"အမေ့ လက်ရှိခင်ပွန်သည်ရဲ့ အလုပ်အကိုင်လေး သိပါရစေ?"

အဖွားအိုက တည်ငြိမ်စွာဖြင့်....

"နာရေးလုပ်ငန်း ဒါရိုက်တာပါ"

ဆက်လက်ပြီးတော့ သတင်းဌာနက စိတ်ဝင်တစားနဲ့....

"အမေ စိတ်မဆိုးဘူးဆိုရင် အရင်အိမ်ထောင်(၃)ဆက်က ခင်ပွန်းသည်တွေရဲ့ အလုပ်အကိုင်လေးတွေ ကိုလည်း သိချင်ပါတယ်...?"

အဖွားအိုဟာ အရင်အတိတ်က အကြောင်းတွေကို ပြန်စဉ်းစားဖို့ ခေတ္တခဏ ငြိမ်သက်သွားပြီး.... ခနအကြာ မှာတော့... မျက်နှာထားပြုံးပြုံးနဲ့ ဂုဏ်ယူဝံ့ကြွား ပြန်ဖြေလိုက်ပါတယ်....

"အမေအသက် (၂၀)အရွယ်တုန်းက လက်ထပ်ခဲ့တဲ့သူက ဘဏ်လုပ်ငန်းပိုင်ရှင်တစ်ယောက်ပါ.... အဲဒီနောက် အသက် (၄၀)အရွယ်မှာ လက်ထပ်ခဲ့တဲ့ ဒုတိယမြောက် ခင်ပွန်းကတော့ ဆပ်ကပ်ပြပွဲကို ဦးစီးသူတစ်ယောက်ပါ... နောက်ပြီး... တတိယမြောက်တစ်ယောက်ကတော့ ဘာသာရေးတရားဟော ဆရာ.... သူ့ကို အမေ့အသက် (၆၀)အရွယ်မှာ လက်ထပ်ခဲ့တာပါ...

အင်တာဗျူးလုပ်သူဟာ အံ့သြစွာနဲ့ အဖွားအိုမျက်နှာကို ငြိမ်သက်စွာ စိုက်ကြည့်နေပြီး... ခဏအကြာမှာ နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးခဲ့ပါတယ်....

"အမေက မတူကွဲပြားတဲ့ ခင်ပွန်း ၄ ယောက်ကို ဘယ်လိုအစီအစဉ်နဲ့ အခုလို လက်ထပ်ခဲ့တာလဲ?"

အဖွားအိုက ပြုံစိစိနဲ့...

"သိပ်လွယ်တာပေါ့ ငါ့သားရယ်.... ပထမတစ်ယောက်ကို အမေက ငွေအတွက် လက်ထပ်ခဲ့တယ်... ဒုတိယ တစ်ယောက်ကိုတော့ ရှိုး(Show)အတွက် လက်ထပ်ခဲ့တယ်... တတိယမြောက်တယောက် ကတော့ (ဘုရား တရားအတွက်) အသင့်ပြင်ဆင်ဖို့ဖြစ်ပြီးတော့... နောက်ဆုံး တယောက်ကတော့ အမေလည်း သွားချိန်ရောက်ပြီ ဆိုတော့ သွားဖို့အတွက်ပေါ့...သားရယ်..." ....တဲ့......။

သတိမေ့ ရောဂါ ကာကွယ်ရန် နည်းလမ်း ၆-သွယ်

သတိမေ့ ရောဂါ ကာကွယ်ရန် နည်းလမ်း ၆-သွယ်

Sunday, April 27, 2014

သတိမေ့ ရောဂါ (သို့ မဟုတ်) စိတ်ယိုယွင်းမှု ရောဂါ (Alzheimer Disease)ဖြစ်ပေါ်မှု နည်းပါးစေရန် ကာကွယ်သော နည်းလမ်း ၆-သွယ်ကို တင်ပြလိုပါသည်။

ဤနည်းလမ်း ၆-သွယ်သည် လိုက်နာရန် အလွန်လွယ်ကူပါသည်။ မိမိ၏ လူနေမှု ဘဝကို အနည်း ငယ် ပြောင်းပစ်ရုံမျှဖြင့်သတိမေ့ ရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။ သတိမေ့ ရောဂါ မည်သို့ စတင် ဖြစ်ပွားလာသည်။ မည်သည့် အတွက်ကြောင့် ဖြစ်ပွားရသည် ဆိုသော အချက်မှာ ယနေ့တိုင် မရှင်း လင်းသေးပါ။ သို့ သော် လူတိုင်းသည် အသက်ကြီးလာသည်နှင့် အမျှ ဦးနှောက် မှတ်ဉာဏ် နည်းလာကာ သတိမေ့ ရောဂါ ဖြစ်ပွားလာတတ်၏။ သတိမေ့ ရောဂါသည် အသက် ၆၅-နှစ်ကျော်မှ စတင်တတ်ပြီး အသက် ၈၅-နှစ်ကျော်သောအခါ ရောဂါ ဖြစ်ပွား နိုင်မှုနှုန်းသည် ၅၀% ရှိလာပါသည်။ အသက်ကြီး လာ သည်ကို မည်သို့ မျှ တားဆီး၍ မရနိုင်သော်လည်း သတိမေ့ ရောဂါ မဖြစ်ပွားနိုင်အောင်ကိုမူ ယခုကတည်း က အောက်တွင် ဖော်ပြထားသော လွယ်ကူသော နည်းလမ်း ၆-သွယ်ကို လိုက်နာ ဆောင်ရွက်သင့်လှပေ သည်။

(၁)မိမိကိုယ်ကို စိန်ခေါ်ပါ။…
လူ့ ဘဝ တစ်လျှောက်လုံး တစ်သက်တာ လှုပ်ရှားနေမှု၊ လှုံ့ ဆော်နေမှုများသည် တိုးတက်လာသော ဆေး ပညာ၏ အထောက်အထားများအရ ဦးနှောက်ရှိ ဆဲလ်များကို ဖွံ့ ဖြိုးစေရန် ထိန်းသိမ်းပေးသော အရေးကြီးသော သော့ချက်တစ်ခုပင် ဖြစ်လေသည်။ မှတ်ဉာဏ် နည်းပါးလာပြီး သတိမေ့ရောဂါ ဖြစ်ခြင်း ကို နှေးကွေးစေပြီး စိတ်ယိုယွင်းမှုရောဂါ မဖြစ်ပွားစေရန် ကာကွယ် ပေးနိုင်လေသည်။ ထို့ ကြောင့် သင်သည် ဝါသနာပါသော အလုပ်တစ်ခုကို လုပ်နေပါ။ လူမှုရေးလုပ်ငန်း၊ ဘာသာရေး လုပ်ငန်းများတွင် လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပါ။

(၂)အက်(စ်)ပရင်ဆေးပြား နေ့ စဉ် စားသုံးပါ။…..
အချို့ ဆေးသိပ္ပံ သုတေသန ပညာရှင်များက အက်(စ်)ပရင် 81-mg ပါဝင်သော ဆေးပြား(Low-dose aspirin)သည် စတီးရွိုက်(Steroid)မဟုတ်သော နာကျင်ကိုက်ခဲ ပျောက်ဆေးများဖြင့် ပူးတွဲ အသုံးပြုပါက သတိမေ့ ရောဂါ ဖြစ်ပွားမှု လျော့နည်းလာနိုင်သည် ဟု ဆိုကြ၏။

(၃)ချက်ပြုတ်ရာတွင် ဆေးဖက်ဝင်သော ဟင်းခတ် အမွှေးအကြိုင်များ သံုးပါ။…..
နနွင်း၊ချင်း၊ငရုတ်ကောင်း စသော ဟင်းခတ် အမွှေးအကြိုင်များသည် ထမင်းမြိန်စေရန် သဘာဝ ဟင်းခတ် ပစ္စည်းများ ဖြစ်ပါသည်။ ၎င်းတို့ သည် ရောင်ရမ်းနာများအတွက် သဘာဝကု ဆေးများလည်း ဖြစ်၏။

(၄)အိုမီဂါ ၃-ပါဝင်သော အစာများများ စားပါ။….
အိုမီဂါ ၃-ဓာတ်ပါဝင်သော ပင်လယ်ငါးသလောက်(Selmon)၊ ငါးသေတ္တာငါး (Sardines)စသော ငါးများနှင့် လတ်ဆတ်သော သစ်ချသီး (Walnut) နှင့် လျှော်ပင်အစေ့ (flax seed)များကို များများစားပါ။

(၅)လတ်ဆတ်သော သဘာဝ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များများစားပါ။….
သင်၏ နံနက်စာ၊ နေ့ လယ်စာနှင့် ညစာတို့တွင် အထက်ပါ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ များများ စားပေးပါ။

(၆)မပြည့်ဝသော စားသုံးဆီများ သုံးစွဲမှု လျှော့ချပါ။….
ဟင်းသီးဟင်းရွက်ဆီများ ဖြစ်သော နေကြာဆီ၊ ပြောင်းဖူးဆီနှင့် ဆူးပန်းဆီ (safflower)များ သုံးမည့်အစား သံလွင်ဆီ (Olive Oil)ကိုသုံးပါ။

မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ
အတွေးသစ် အမြင်သစ်

အိပ်မပျော်ဘူးလား ဒါတွေစား

အိပ်မပျော်ဘူးလား ဒါတွေစား

Friday, May 02, 2014

အိပ်မပျော်သူများဟာ မက်ဂနီစီယမ်ဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်သူများဟာ ရေရှည်မှာ စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ဦးနှောက်မှတ်ညာဏ်လျှော့ပါးခြင်း တို့ကို ဖြစ်ပွါးစေနိုင် ပါတယ်။

ထို့ကြောင့် ကောင်းစွာအိပ်ပျော်စေရန် အောက်ပါ ဓါတ် ၃ မျိုးကို ဖြည့်တင်ပေးနိုင်မည့် အစားအစာတို့ကို စားသုံးပေးနိုင်ပါတယ်။

၁။ နွားနို့ ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါး၊ ငါးကြီးဆီ စသညတို့မှာ ဗီတာမင် D ကြွယ်ဝသည့်အတွက် ၄င်းတို့ကို စားပေးပါ က နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။

၂။ ငှက်ပျောသီး၊ အာလူး၊ ပဲအမျိုးမျိုးတို့ကို စားပေးပါ။ ၄င်းတို့မှာ Potassium (ပိုတက်စီယမ်) ဓါတ်ပြည့်ဝ သည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

၃။ အစိမ်းရင့်ရောင်ပါသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ ဖရုံစေ့များ၊ နှမ်းဆီများ၊ ပဲအမျိုးမျိုး စသည်တို့ကို စားပေးပါ။ ၄င်းတို့မှာ Magnesium (မက်ဂနီစီယမ်) ဓါတ် ကြွယ်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေ ပါတယ်။

ကျန်းမာရေးသတင်းများ

တက်တူးချစ်တဲ့ ပျိုမေများ...

တက်တူးချစ်တဲ့ ပျိုမေများ...

oddstuffmagazine/internet

မိန်းကလေးတိုင်း အမြဲတမ်းလိုလို စိတ်ပျော်ရွှင်လှပစေနိုင်မယ့် နည်းလမ်း (၅)သွယ်

မိန်းကလေးတိုင်း အမြဲတမ်းလိုလို စိတ်ပျော်ရွှင်လှပစေနိုင်မယ့် နည်းလမ်း (၅)သွယ်

Thursday, April 24, 2014

နွေဦးကတော့ ပွင့်လန်းခဲ့ပါပြီ။ ပန်းပွင့်လေးတွေ ရနံ့ခံပြီး ကိုယ့်ကိုယ်ကို ခံစားသက်ဝင်ဖို့ နိုးထချိန်ရောက် လာပါပြီ။ ဆောင်းရာသီရဲ့ ထိုင်းမှိုင်းမှုတွေကနေ ကိုယ့်ယုံကြည်မှုတွေကို ပြန်လည်နိုးထစေပြီး လန်းလန်း ဆန်းဆန်း၊ အကောင်းမြင်တတ်တဲ့ စိတ်တွေ ပြန်ရဖို့ဆိုတာ တော်တော်လေး အားထုတ်ရပါတယ်။

ဒါပေမယ့် မကြောက်ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက ချစ်သူကောင်လေး မလိုဘဲနဲ့ ကိုယ့်ကိုယ်ကို လှပနေတယ်လို့ ခံစားစေနိုင်မယ့် အံ့သြဖွယ်နည်းလမ်း (၅)ခုဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ တစ်ယောက်ယောက်ကို စိတ်ပါလက်ပါချီးမွမ်းပေးပါ။
လူတိုင်းကို ချီးမွမ်းပါလို့ မဆိုလိုပါဘူး။ သင်သိတဲ့သူတစ်ယောက်က တကယ်နှစ်သက်မယ့်အရာမျိုးကို ချီးမွမ်းပေးပါ။ သူ့ရဲ့ ကြင်နာတတ်ခြင်းကိုဖြစ်ဖြစ်၊ ဥာဏ်ထက်မြတ်ခြင်းကိုဖြစ်ဖြစ် ချီးမွမ်းပေးပါ။ ဟန်ဆောင်ခြင်းကင်းတဲ့ စေတနာက အံ့သြစရာကောင်းလောက်အောင် စိတ်ကျေနပ်စေနိုင်ပါတယ်။ သင်က တစ်ယောက်ယောက်ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်တယ်ဆိုရင် သင်လည်းထိုနည်းတူ ခံစားရမှာပါ။

၂။ ကိုယ့်အသွင်အပြင်တစ်ခုခုကို ပေါ်လွင်အောင်လုပ်ပါ။
ကိုယ့်သွင်ပြင်လက္ခဏာထဲက ကိုယ်နှစ်ထောင်းအားရအဖြစ်ဆုံးတစ်ခုကို ရှာပြီးပေါ်လွင်အောင် ပြုလုပ်ပါ။ ကိုယ်အကြိုက်ဆုံး အသွင်အပြင်ကို အင်တာဗျူး သို့မဟုတ် အစည်းအဝေး စတဲ့ အရေးကြီးတဲ့နေရာတွေမှာ ယုံကြည်မှုတိုးစေတဲ့ ကိုယ့်ရဲ့လျှို့ဝှက်လက်နက်လေးတစ်ခုအဖြစ် သဘောထားပါ။ တချို့ဆိုရင် နှုတ် ခမ်းလေးတွေက သူတို့ရဲ့အကြိုက်ဆုံး သွင်ပြင်ဖြစ်လို့ နှုတ်ခမ်းနီရောင်အသစ်တွေဆိုးပြီး ပွဲထုတ်တတ် တယ်လေ။ ကျွန်မဆိုရင် ကျွန်မမျက်လုံးတွေကို သိပ်နှစ်သက်တာကြောင့် မျက်လုံးလေးတွေ ပေါ်လွင်စေဖို့ မတ်စကာရာ(mascara)ကတော့ ကျွန်မလက်စွဲပါပဲ။ အလှအပနဲ့မဆိုင်တဲ့ အခြားသွင်ပြင် လက္ခဏာတွေ လည်း ပွဲထုတ်လို့ရပါတယ်။ ဥပမာကိုယ်သိပ်နှစ်သက်တဲ့ ဝါဒနာတစ်ခုခုပေါ့။

၃။ ကိုယ့်ကိုယ်တိုင် အထင်ကြီးလေးစားစေဖို့ ဝတ်စားဆင်ယင်ပါ။
အမျိုးသမီးတော်တော်များများက ယောက်ျားလေးတွေ အကြိုက်ကိုလိုက်ပြီး ဝတ်စားတတ်ကြပါတယ်။ အမြဲလိုလို ကိုယ့်အမြင်မှာဆွဲဆောင်မှုရှိတာထက် အများအမြင်မှာ ဆွဲဆောင်မှုရှိဖို့ကို ပိုအလေးပေး တတ်ကြတယ်။ ဒါက ကျွန်မတို့ရဲ့ သွင်ပြင်လက္ခဏာတွေအပေါ် မလိုလားအပ်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ ကိုယ်ကလှနေတယ်လို့ ခံစားရရင် ကျန်တာဘာမှအရေးမကြီးတော့ပါဘူး။ ကိုယ်ကြိုက်တာကိုရွေးချယ်ပြီး ဝတ်ဆင်တာက ကိုယ့်ကိုပိုပြီး နေထိုင်ကောင်းစေတယ်ဆိုတာ အာမခံနိုင် ပါတယ်။ အလွံအကျွံကြီးတော့ မဖြစ်ရဘူးပေါ့။

၎။ ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရာလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြုစုပါ။
လူတစ်ဦးတစ်ယောက်တိုင်းမှာ ကိုယ့်ကို စိတ်ကျေနပ်မှုအမြဲပေးနိုင်တဲ့ အရာတော့ရှိကြပါတယ်။ သီချင်း တစ်ပုဒ် ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် သောက်စရာလေးတစ်ခု၊ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါလေးတွေနဲ့ ပြုစုပေးတာ က အများကြီးထိရောက်ပါတယ်။ ကိုယ်စိတ်မပျော်ရွှင်ရင် ချောကလပ်စားတာဖြစ်ဖြစ် လက်သည်းလှလှ ဆိုးလိုက်တာဖြစ်ဖြစ် ပြုလုပ်ပေးပါ။ အမြဲစိတ်ဓာတ်တက်ကြွပြီး လန်းဆန်းနေအောင်ကိုယ့်ကို ပျော်ရွှင်စေနိုင် တဲ့ အရာလေးတွေကို ရွေးချယ်ပေးပါ။ ကိုယ့်ကိုယ်ကို ပြုစုပေးဖို့ တွန့်ဆုတ်မနေပါနဲ့။ ကိုယ်ကအကျိုးခံစားဖို့ လုံးဝထိုက်တန်ပါတယ်။

၅။ အားကစားတစ်ခု လိုက်စားပါ။
တကယ်လို့ ကိုယ်လုပ်နေတဲ့ အားကစားကို သဘောမကျရင် တခြားတစ်မျိုးပြောင်းလုပ်ပါ။ အားကစား လုပ်ခြင်းက စိတ်ဖိစီးခြင်းကို မယုံကြည်နိုင်လောက်အောင် သက်သာစေပါတယ်။ ပြီးတော့လည်း အားကစားလုပ်ခြင်းက သင့်ကို အန်ဒိုဖင် (endorphin) တွေအများကြီးပေးနိုင်ပါတယ်။ ဒါကသင့်ကို စိတ်ခံစားမှုကောင်းစေပြီး ပျော်ရွှင်နေအောင် လုပ်ပေးနိုင်ပါတယ်။

အားကစားလိုက်စားပြီးနောက်မှာ ကိုယ့်ကိုယ်ကို စိုးရိမ်မှုတွေ ရော့နည်းသွားပါလိမ့်မယ်။ ဘာလို့ဒီလို ခံစားရလဲဆိုရင် ကိုယ့်ကျန်းမာရေးအတွက် လုပ်သင့်တဲ့အရာတစ်ခုကို လုပ်နေလို့ပါပဲ။ ပြီးတော့ စိုးရိမ်ပူပန်တတ်တဲ့ စိတ်လေးတွေကို အမြဲပေးနေတဲ့ အရာတွေနည်းသွားခြင်းနဲ့ စိတ်ပျော်ရွှင်လာခြင်းတွေက ထူးကဲလှပတဲ့အရာတွေပါ။

ref..Gandawin elegancea and beauty unleashed
pic ..google
World myanmar

အဆင်သင့် ခေါက်ဆွဲ ထုပ်စားခြင်း ဖြင့် နှလုံး ရောဂါ ၊ လေဖြတ် ရောဂါ နှင့် ဆီးချိုရောဂါ ဖြစ်နှုန်း မြင့်တက်စေနိုင်

-------------------------------------- 

Bell's palsy မျက်နှာတခြမ်း လေဖြတ်ခြင်း

Bell's palsy မျက်နှာတခြမ်း လေဖြတ်ခြင်း

Tuesday, August 26, 2014
1. ကျွန်တော် ရယ်တဲ့အခါ ပါးစပ်က နဲနဲရွဲ့တယ် ခင်ဗျာ။ လေတော့ မဖြတ်ပါဘူး။ လူတချို့လဲ ရယ်တဲ့အခါ ရွဲ့တာ တွေ့ရတယ်။ အစာ ဝါးတဲ့ အခါ တစ်ဖက်သက် ဝါးလို့လား ပြန်တဲ့အောင် ဘယ်လိုလုပ်ရမလဲ ဖြေပေးပါဆရာ။ ၃၂ ပါဆရာ။ ဒီတိုင်းမသိစာဘူး။ ရယ်တဲ့အခါမှ သိစာ တယ် ၃ ယောက် ၄ ယောက် တွေ့ဘူးတယ်ဆရာ။ သတိထားမိတာ ကတော့ ၂ နှစ်လောက်ပါ
2. ဟဲလို ဒေါက်တာ ကျနော် အသိတစ်ယောက် ဦးခေါင်းတစ်ခြမ်း ကိုက်ပြီး ပါးတစ်ဖက် စောင်းနေတယ်။ ပြီးတော့ မျက်စိတစ်ဖက်လဲ မှိတ်လို့မရဘူး ဖြစ်နေတယ်။ ခန္ဓာကိုယ် ကျန်းမာရေး ကောင်းပါတယ်။ ဦးခေါင်းတစ်ဖက် ကိုက်ခဲနေပြီး စကားပြောရတာလဲ အဆင်မပြေဘူး။ မျက်စိတစ်ဖက်ကလဲ လုံးဝမှိတ်လို့ မရဖြစ်နေတယ်။ ဘယ်လိုလုပ်ရမယ် ဆိုတာ အကြံးပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
3. ဆရာကျေးဇူးပြု၍ Bell palsy အကြောင်း မြန်မာလိုရှိရင် ဖတ်ချင်ပါတယ်။

ပဌမမေးခွန်းမှာ ‘မသိစာ’ လို့နှစ်ခါရေးထားလို့ စာရိုက်တာ အမှတ်မထင်လွဲတာ မဟုတ်လောက်ဘူးတယ်။ ‘မသိသာ’ လို့ရေးမှသာ မှန်ပါတယ်။

စကော့တလန် ဆရာဝန် Charles Bell ကနေစသိခဲ့တဲ့ Facial paralysis မျက်နှာလေဖြတ်ခြင်းတမျိုး ဖြစ်တယ်။ လူတသန်းမှာ ၂ဝ-၂၃ ယောက်ဖြစ်တယ်။ အသက်ရလေဖြစ်နိုင်ခြေများလေ။ အမေရိကားမှာ တနှစ်ကိုလူ ၄ သောင်း ဖြစ်တယ်။

ဖြစ်တဲ့ဘက်က Cranial nerve VII (Facial nerve) အာရုံကြောမှာ ရောဂါလာဖြစ်တာပါ။ Brain tumor ဦးနှောက် အကျိတ်၊ ဦးနှောက်သွေးကြော ပိတ်တာ၊ (လိုင်းမ်) ရောဂါစတဲ့ ဆိုးတဲ့ရောဂါတွေရဲ့ အဆက် ကနေလဲ ဖြစ်တယ်။ ဗိုင်းရပ်စ် ကနေလဲ ဖြစ်နိုင်တယ်။ များသောအားဖြင့် ရေယုံပိုး။ Chicken pox ရေကျောက်၊ Infectious mononucleosis (အင်ဖက်ရှပ်စ်- မိုနိုနူကလီယိုးဆစ်) တွေကနေဖြစ်စေတယ်။ တခါတလေ ဘာလို့ဖြစ်လဲ မသိနိုင်ဘူး။ တစိတ်တပိုင်းကနေ လုံးဝအာရုံကြော အလုပ်မလုပ်တာ အထိ ဖြစ်တယ်။ နှစ်ဖက်လုံး ဖြစ်တာ ၁% တောင်မရှိဘူး။

• ဖြစ်တာကယုတ်တရက်ဖြစ်မယ်။ မျက်နှာကြွက်သားတွေ တွဲလုပ်တဲ့အလုပ်ကိုထိခိုက်မယ်။ Lower motor neuron type အမျိုးအစားလေဖြတ်တယ်လို့ ခေါ်တယ်။
• ဖြစ်တဲ့ဘက်မှာမျက်လုံးကိုပိတ်မရဘူး၊ မျက်တောင်ခတ်တာ၊ မျက်လုံးပိတ်-မှိတ်တာ၊ ပြုံးတာ၊ မျက်မှောင် ကုပ်တာ၊ တံတွေးမထိန်းနိုင်တာ၊ နှာသီးဖျားဖေါင်း-ပိန်လုပ်တာ၊ မျက်စပြစ်တာတွေ မလုပ်နိုင် ဖြစ်လာ တယ်။
• မျက်ရည် နည်းလာမယ်။ နားနောက်ကနာမယ်။ မျက်နှာကြွက်သားတွေ အားနည်းလာမယ်။ မျက်စိပိတ် ဘို့ ခက်လာမယ်။ သွား-ပါးထုံလာမယ်။ မျက်ရည်စီးကျမယ်။ မျက်စိဝေဝါးမယ်။ အောက်မျက်ခွံလံနေမယ်။ အပေါ်မျက်ခွံကျနေမယ်။ နှာခေါင်းနဲ့ ပါးစပ်ကြားအရစ် ပျောက်မယ်။
• မျက်လုံးပေါ်နေလို့ မျက်ကြည်လွှာရောင်မယ်။ ဒါဆိုရင် ဆိုးတယ်။
• လျှာ ရှေ့ပိုင်း ၃ ပုံ ၂ ပုံမှာအရသာပျက်လာသေးတယ်။
• ၃ဝ% အသံလှိုင်းအပြောင်းအလဲမှာထူးခြားတာမယ်။ ခါတိုင်းကြားနေကြအသံကိုမခံချင် ဖြစ်လာတယ်။ ၅၇% အရသာပျက်မယ်။ ၆ဝ% နားထဲမှာကိုက်မယ်။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတခုကတော့ အရသာပျက်တာ၊ မျက်နှာကြွက်သားလှုတ်နေတာ၊ မျက်နှာနာနေတာနဲ့ မျက်ကြည်လွှာပိုးဝင်တာတွေ ဖြစ်တယ်။

ဘယ်လိုကုသမလဲ
(၁) မျက်စိကို ကာကွယ်မှုလုပ်ရမယ်။ Artificial tears မျက်ရည်တု မျက်စဉ်းခပ်ပါ။ မျက်ခွံကို ပလာစတာနဲ့ ၁-၂ ရက် ပိတ်ထားသင့်သေးတယ်။ အောက်မျက်ခွံ လံနေတာကိုလဲ ပလာစတာနဲ့ ယာယီလုပ်ပေးနိုင် တယ်။ မျက်ခွံအစပ် အလယ်နေရာကနေဘေးဘက်နဲ့ အထက်ဆီကို ဆွဲပြီး မျက်ရိုးကွင်းမှာ ကပ်ထားပါ။

(၂) ဆေးပေးရတာရဲ့ ရည်ရွယ်ချက်က ပိုမဆိုးအောင်နဲ့ သက်သာစေဘို့ဖြစ်တယ်။
• American Academy of Neurology အဆိုအရ Acyclovir + Prednisone ပေးသင့်တယ်။
• Corticosteroids (Prednisone) ဆေးရဲ့ ဘေးထွက်-ဆိုကျိုးတွေကိုလဲ သတိထားရမယ်။ ကိုယ်ရောင်၊ (ပိုတက်ဆီယမ်) နည်း၊ ကြွက်ားအားနည်း၊ လေနာဖြစ်၊ ခေါင်းကိုက်၊ ရာသီမမှန်၊ မျက်စိအတွင်းတိမ်၊ မျက်စိရေတိမ် နဲ့ ဆီးချိုတွေကို သတိထားရတယ်။
• Corticosteroids စတီရွိုက်ဆေးနဲ့ စောစောပေးရင် သက်သာတာအမှန်ဘဲ။ ဖြစ်ကာစ ၃ ရက်အတွင်း မှာ ပေးနိုင်ရင် ကောင်းတယ်။ ၁၄% ပြန်ကောင်းနိုင်တယ်။
• Prednisone 1 mg/kg or 60 mg/day ကို ၆ ရက်ဆက်ပေးပြီး ၁ဝ ရက်အထိ လျှော့လျှော့ပေးသွား ရတယ်။ ဒါပေမဲ့ တီဘီ၊ ကိုယ်ဝန်၊ လေနာ၊ ပိုးဝင်နေတာ၊ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်မကောင်း၊ အသဲ မကောင်းသူတွေနဲ့ Immunocompromise, Sarcoidosis ရောဂါရှိသူတွေကို သတိထားပေးရတယ်။
• Antivirals ဗိုင်းရပ်စ်ဆေးထဲက Acyclovir (Zovirax) နဲ့ Valacyclovir (Valtrex) တွေသုံးတယ်။
• Acyclovir (Zovirax) ကို 400 mg orally 5 times daily for 10 days ပေးတယ်။
• Varicella zoster virus (VZV) လို့ထင်ရင် 800 mg orally 5 times daily ပေးသင့်တယ်။ Valacyclovir (Valtrex) 500 mg twice daily for 5 days ကိုလဲပေးနိုင်တယ်။ VZV ကြောင့်ဖြစ်တာ ဆိုရင် 1000 mg orally 3 times daily ပေးတယ်။

(၃) Surgery တချို့ ခွဲစိတ်ပြုပြင်ပေးဘို့လိုမယ်။ နည်းတွေအမျိုးမျိုးရှိတယ်။ ဒါပေမဲ့ အကောင်း-အဆိုး ချင့်ချိန်ရတယ်။ ခွဲစိတ်နည်းတွေမှာ Facial nerve decompression, Subocularis oculi fat lift, Implantable devices placed into the eyelid, Tarsorrhaphy, Transposition of the temporalis muscle, Facial nerve grafting နဲ့ Direct brow lift နည်းတွေ ရှိတယ်။ ခွဲစိတ်နည်းတွေကို ဆေးနဲ့လဲ မရလုံးဝလဲဖြစ်နေတာအတွက်သာစဉ်းစားသင့်တယ်။

(၄) Physiotherapy (ဗီဇီယိုသာရာပီ) အကြောကုသနည်းကိုလဲတချို့ကိုသာလုပ်သင့်တယ်။

(၅) Acupuncture အပ်စိုက်ကုသတာလဲလူတိုင်းအတွက်ကောင်းမယ် မဟုတ်ပါ။

(၆) Botulinum toxin ထိုးဆေးကိုလဲသုံးတယ်။ အရေပြားထဲဖြစ်ဖြစ် မျက်စိအဖုံးအောက်မှာ ဖြစ်ဖြစ်ထိုး တယ်။ Tarsus အနားသပ်အထက်ကနေLevator muscle ဆီ ဦးတည်ထိုးရတယ်။ မျက်ကြည်လွှာကို ကာကွယ်ပေးတယ်။

၁၉၈၂ ခုနှစ်မှာဒီရောဂါလူနာပေါင်း ၁ဝ၁၁ ယောက်ကိုလေ့လာမှုတော့ ဆေးမကုဘဲနဲ့ ၈၅% ဟာ ၃ ပါတ်အတွင်း ပြန်ကောင်းလာတယ်။ အဲဒီအချိန်ကဆေးနည်းဆိုတာမပေါ်သေးဘူး။ ကျန် ၁၅% ဟာ ၃-၆ လအထိအချိန်ယူတယ်။ တနှစ်ကြာတော့ ၇၂% အကောင်းပကတိ ဖြစ်နေတယ်။

ဆေးစာတွေသိချင်သူသာ အဲတာအကုန်ဖြတ်ပါ။ နောက်ဆုံးမေးတဲ့သူရဲ့ မိတ်ဆွေကို အထက်မှာရေးထား တဲ့ (စတီရွိုက်) ဆေးနဲ့ပတ်သက်တဲ့ သတိထားရမှာတွေ မရှိရင် ချက်ချင်း Prednisolone တခါသောက် ၂ ပြား၊ တနေ့ ၄ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၂ ပြား၊ တနေ့ ၃ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၄ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၂ ရက်၊ နောက်မှာ တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၂ ရက်၊ သောက်စေပါ။ တပြိုင်တည်းမှာ Parecetamol တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ ကိုပါ တွဲသောက်ပါ။

ဒေါက်တာတင့်ဆွေ

စစ်မှုထမ်းစဉ်မှာ ဒဏ်ရာရခဲ့ပေမယ့် လှပတဲ့ဘ၀ကို ဖန်တီးနိုင်ခဲ့တဲ့ အမျိုးသမီး

စစ်မှုထမ်းစဉ်မှာ ဒဏ်ရာရခဲ့ပေမယ့် လှပတဲ့ဘ၀ကို ဖန်တီးနိုင်ခဲ့တဲ့ အမျိုးသမီး

Tuesday, August 26, 2014
By အေသင်အောင်

အင်္ဂလန်နိုင်ငံက အမျိုးသမီး တစ်ဦးဟာ စစ်မှုထမ်း စဉ်မှာ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပေမယ့် ဘ၀ကို အရှုံးပေးခြင်း မရှိဘဲ လှပတဲ့ သူအဖြစ် ဖန်တီးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အသက် (၃၀)နှစ် အရွယ်ရှိ ကမ့်ဘဲလ်ဟာ အီရတ် စစ်မြေပြင်မှာ မော်တာကျည်ဆန် ထိမှန်ခဲ့မှုကြောင့် ခြေထောက်နဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ အကျိုးဆက်ကတော့ မျက်လုံး တစ်လုံး ဟာ ကောင်းစွာ မြင်နိုင်စွမ်း မရှိတော့တဲ့အပြင် ခြေထောက် တစ်ဖက်ကိုလည်း ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်ပိုင်းနဲ့ နှလုံးတို့မှာလည်း ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ့်ဘဲလ်ဟာ စိတ်ဓာတ် ကျနေခြင်း မရှိဘဲ သူ့ရဲ့ဘ၀ကို ပြန်လည် ထူထောင်မှုပြု လုပ်ခဲ့ပါတယ်။ ဆေးကုသမှုတွေ ပြုလုပ်ပြီး ဖြတ်ပစ် လိုက်ရတဲ့ ခြေထောက်နေရာမှာ ခြေတုတစ်ခုကို အစား ထိုးမှု ပြုလုပ်ခဲ့ပါ တယ်။ အခုဆိုရင် ကမ့်ဘဲလ်ဟာ လှပတဲ့ အမျိုးသမီးတစ်ဦး အဖြစ်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒီလိုဖြစ်လာဖို့ ပေါင် (၅၂၅၀၀) သုံးစွဲမှု ပြုလုပ်ခဲ့ရပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို ခွဲစိပ် ကုသမှု ပြုလုပ် ခဲ့တာမို့ ငွေကြေးကုန်ကျမှု များပြားသွားခြင်း ဖြစ်ပါတယ်။ ကမ့် ဘဲလ်ဟာ ဒဏ်ရာ ရပြီးနောက်ပိုင်းမှာ လျော်ကြေးငွေ အဖြစ် ပေါင် (၃၈၀၀၀၀) အထိ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ့်ဘဲလ်ဟာ ရရှိလာတဲ့ ငွေကြေး တွေကို သုံးစွဲခြင်းမပြုဘဲ ဘ၀ပြန်လည် ထူထောင်ဖို့ သုံးစွဲခဲ့ပါတယ်။ ကမ့်ဘဲလ်ဟာ ၂၀၀၇ မှာ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး ၀ှီးချဲဘ၀နဲ့သာ နေထိုင်ခဲ့ရတာမို့ အ၀လွန် ပြဿနာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနောက် သူဟာ စိတ်ဓာတ်မြှင်တင်မှုတွေ ပြုလုပ်ပြီး ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချကာ ခန္ဓာကိုယ်အစားထိုး ကုသမှု တွေကို ပြုလုပ်ခဲ့ပါတယ်။ ရင်သားကို ဆီလီကွန် အစားထိုးခြင်း၊ ဆံပင် အစားထိုးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါ တယ်။ ဒီနောက်သူဟာ ချစ်သူဖြစ်သူနဲ့ လက်ထပ်မှု ပြုလုပ်ခဲ့ပါတယ်။ ကမ့်ဘဲလ်ဟာ ယခင် အိမ်ထောင်နဲ့ သမီးတစ်ဦး ပိုင်ဆိုင်ခဲ့ပါတယ်။ လက်ရှိ အိမ်ထောင်နဲ့တော့ သားတစ်ဦးပိုင် ဆိုင်ထားပါ တယ်။ ကမ့်ဘဲလ်က သူ့ရဲ့လက်ရှိ ဘ၀ကို ကျေနပ်မိကြောင်း၊ အမျိုးသမီး အများစုဟာ ဘ၀မှာ ပျော်ရွှင်ဖို့ လေ့လာမှုတွေ ပြုလုပ်လေ့ မရှိကြောင်း၊ မိမိ အနေဖြင့် ပျော်ရွှင်အောင် နေထိုင်နိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါသည်။

ref;The Messenger

ရေနွေးဖြူ မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

ရေနွေးဖြူ မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

Tuesday, August 26, 2014
ရေအသက် တစ်မနက် ဆိုသည့်အတိုင်း လူသားတို့ အတွက် သောက်ရေဟာ မရှိမဖြစ် အရာပေမို့ ၊ အရွယ်ရောက်ပြီး သူတစ်ယောက်ဟာ သောက်ရေ သန့် ကို နေ့ စဉ် ၇-ခွက်မှ ၈-ခွက်အထိ သောက် ပေးသင့်ကြောင်း ကျန်းမာရေး သုတေသီများက မိန့် ဆို ထားကြပါတယ်။ ဆက်လက်ပြီး ရေနွေးဖြူ (သို့ မဟုတ်) ရေကျက်အေး လေးတွေက လူသား တို့ ဘက်စုံ ကျန်းမာရေးအပြင် အသားအရေ နှင့် ဆံပင်တို့ အတွက် ကောင်းကျိုးပြုပုံကို ကျန်းမာရေး သုတေသီများက အောက်ပါအတိုင်း အကြံပေးထား ကြပါတယ်။

၁။ ရေနွေးဖြု နှင့် ဘက်စုံကျန်းမာရေး 

(အဆိပ်အတောက် ပြေစေပါတယ်) 
ရေနွေးသောက်လိုက်တဲ့ အခါမှာ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်တက်လာပြီး ကိုယ်တွင်းမှ အဆိပ်အတောက် တွေက ချွေးစေးအဖြစ် ထွက်ရှိလာပါတယ်။ ဒါကြောင့် နံက်စောစော ၁-ကြိမ်၊ ညအိပ်ယာဝင်ခါနီး ၁-ကြိမ် ရေနွေးဖြူ  သောက်ခြင်းဖြင့် တစ်နေ့ ၂-ကြိမ် အဆိပ် အတောက်တွေ ထုတ်ပေးသင့်ပါတယ်။ ရေနွေး ဆူဆူထဲကို သံပုရာရည်ညှစ်၍ ပျားရည် အနည်းငယ် ထဲ့သောက်ပေးခြင်းက ပိုမိုထိရောက်မှု ဖြစ်စေပါ တယ်။

(အူများကို ကောင်းစွာ အလုပ်လုပ်စေပါတယ်) 
ဝမ်းချုပ်သူများအတွက် သတင်းကောင်းလေးပါ။ မကြာခဏ ၀မ်းချုပ်တတ်သူများအဖို့  အစာမစားခင် ရေနွေးပူပူတစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ် နှင့် အူသိမ်၊ အူမများကို ထိုရေနွေးပူက လှုံ့ ဆော် ပေးတာကြောင့် အူလမ်းကြောင်း ပိတ်ဆို့ မှု မရှိစေတော့ဘဲ သက်သက် သာသာဖြင့် ၀မ်းသွားစေနိုင်ပါ တယ်။

(အစာကျေညက် လွယ်ပါတယ်) 
ထမင်းစားနေစဉ် နှင့် စားပြီးနောက်မှာ သောက်ရေအေးသောက်ခြင်းက အဆာမကျေနိုင်ပါဘူး။ ဒါ့ပြင် ထိုထမင်းထဲရှိ ကစီဓာတ်နှင့် ဟင်းလျာများမှပါလာတဲ့ ဟင်းအဆီအနှစ်များဟာ သောက်ရေအေးဖြင့် ဓာတ်ပြုကာ အူအတွင်းနံရံတွေပေါ်မှာ အဆီအနှစ် တင်ကျန်ရစ်ပြီး၊ အချိန်ကြာလာတာနဲ့ အမျှ အူကင်ဆာ လာနိုင်ပါတယ်။ သို့ သော် ရေနွေးပူပူကို အစားထိုးသောက်ပေးခြင်းက အစာကျေညက် လွယ်တဲ့အပြင် အူကင်ဆာဖြစ်လာမှာလည်း မစိုးရိမ်ရတော့ပါဘူး။

(ကိုယ်အလေးချိန် ကျစေပါတယ်) 
ရေနွေးသောက်ခြင်းက ကိုယ်အလေးချိန်ကျခြင်းနှင့်ဆက်စပ်မှု ရှိတယ်ဆိုရင် သင်အံ့သြသွားလေ မလား။ ရေနွေးပူပူသောက်ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လည်ပတ်မှုဖြစ်စဉ် တိုးတက်လာပြီး၊ အရေပြား အောက်မှာရှိတဲ့ အဆီပို တစ်ရှုးတွေကို ဖြိုခွဲပစ် နိုင်ပါတယ်။

(အအေးမိဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေပါတယ်)
ရေနွေးပူပူသောက်လိုက်တဲ့အခါ၊ ချွဲသလိပ်များကို ငြိမ်ကျသွားစေတာ ကြောင့် အသက်ရှုလမ်းကြောင်း ပွင့်သွားပါတယ်။ ဒါကြောင့် အအေးမိ၍ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းယား၊ လည်ချောင်း နာခြင်းများ အတွက် ရေနွေးပူပူက အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။

(သွေးကောင်းစွာ လည်ပတ်စီးဆင်းကာ အာရုံခံအင်္ဂါများ ပွင့်သွားစေပါတယ်)
ရေနွေးပူပူက ခန္ဓာကိုယ်ကို ဘေးဥပါသ်ဖြစ်စေတဲ့ သွေးကြောထဲရှိ ကိုလက်ထစရောများကိုပါချပေးနိုင် တာကြောင့် သွေးကြောများပွင့်ကာ အာရုံကြော စံနစ်များလည်းတိုးတက် ကောင်းမွန်လာပါတယ်။

(ခြေထောက်သွေးကျ၍ နာကျင်ကိုက်ခဲပါက ရေနွေးစိမ်ပေးနိုင်သလို၊ အမျိုးသမီးများ ဓမ္မာလာစဉ် ဗိုက် အောင့်ခြင်းအတွက် ရေနွေးပူသောက်၍ သော်လည်းကောင်း၊ ရေနွေးအိတ်(သို့ မဟုတ်) ရေနွေး ပုလင်းဖြင့် ဗိုက်ကိုကပ်ပေး၍ သော်လည်းကောင်း သက်သာပျောက်ကင်းနိုင်ပါတယ်)

၂။ ရေနွေးဖြူ နှင့် အသားအရေကျန်းမာရေး

(လှချင်ရင် ရေနွေးဖြူ ၁-ခွက်နေ့ စဉ်သောက်ပါ) 
အထက်မှာဖော်ပြသွားခဲ့တဲ့အတိုင်း ရေနွေးပူ ပူသောက်လိုက်တဲ့အခါ၊ ချွေးစေးနှင့် အတူ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များပါသွား တာကြောင့် အသားအရေကို ကြည်လင်စေပါတယ်။

(အသားအရေအတွက် ရေနွေးစိမ်ချိုးပါ) 
မိမိခံသာရုံ ရေနွေးဖြင့်စိမ်၍ ရေချိုးပေးခြင်းက သွေးလည်ပတ်မှု အားကောင်းစေကာ ချွေးပေါက်များ ပွင့်လာပြီး အသားအရေ စင်ကြယ်စေပါတယ်။ အသားအရေ မှိုစွဲသူများအတွက်လည်း ရေနွေးချိုးပေး ခြင်းဖြင့် ချမ်းသာမှု ရစေနိုင်ပါလိမ့မယ်။ မျက်နှာပေါ်မှာ မကြာခဏ ၀က်ခြံထွက်သူများအဖို့  မိမိခံသာရုံ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ (သို့ မဟုတ်) မိမိခံသာရုံလောက် ရေနွေးငွေ့ ဖြင့် မျက်နှာပေါင်းတင်ပါ။

၃။ ရေနွေးဖြူ နှင့် ဆံပင်ကျန်းမာရေး

(ဆံသားကို အားဖြည့်ပေးနိုင်ပါတယ်) 
ရေနွေးပူပူ သောက်လိုက်တဲ့အခါ၊ ခေါင်းချွေးထွက်သွားကာ သွေးလည်ပတ်မှု အားကောင်း လာပါတယ်။ ထိုဖြစ်စဉ်က ဦးရေပြားပေါက်လေးတွေပွင့်သွားပြီး အောက်စီဂျင်ကို ပိုမိုစုပ်ယူနိုင်တာကြောင့် ဆံပင် အမြစ်ကို ခိုင်မာလာ စေပါတယ်။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
-- 

သူတို့ဆီက အနုပညာဆန်တဲ့ ဗူးသီးများ...

သူတို့ဆီက အနုပညာဆန်တဲ့ ဗူးသီးများ...

Wednesday, August 27, 2014
တရုတ်ပြည် ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုံး
တရုတ်နိုင်ငံက လယ်သမားအချို့ဟာ ဗူးပင်တွေ စိုက်ပျိုးတဲ့နေရာမှာ အတော်လေး အနုပညာဆန်ကြပြီး လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်... လျှပ်တပျက် ကြည့်လိုက်ရင်တော့ ဗူးပင်တွေမှာ ဖယောင်းရုပ်တွေ ချိတ်ဆွဲထားသလား ထင်မှတ်ရပါတယ်... တကယ်တော့ ဖယောင်းရုပ်တွေ မဟုတ်ပါဘူး... အနုပညာဆန်ဆန် ဖန်တီးထားတဲ့ ဗူးသီးအစစ်တွေပါ... စိုက်ပျိုးပုံကလည်း ရိုးရှင်းပါတယ်... အခြားဓာတု ပစ္စည်းတွေလည်း သုံးစရာ မလိုပါဘူး... လိုချင်တဲ့ ပုံစံကို အသင့်လုပ်ထားတဲ့ ပလတ်စတစ် ပုံစံခွက်တွေနဲ့ ထည့်ပြီး စိုက်ပျိုးကြတာပါ... ဒီပုံစံတွေထဲမှာ လူကြိုက် အများဆုံးနဲ့ ဆွဲဆောင်မှု အရှိဆုံးကတော့ တချိန်တုန်းက တရုတ်ပြည် ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ ပုံပါပဲ.... 

ဒီလို အနုပညာဆန်ဆန် ဗူးပင်စိုက်ပျိုးမှုကို Xie Lyu Zhi လို့ ခေါ်တဲ့ တရုတ်လူမျိုး တဦးက စတင်ခဲ့တာပါ... Sichuan ခရိုင်က ဗုဒ္ဓဘာသာ ဘုန်တော်ကြီးတပါးရဲ့ အိပ်မက်အရလို့ ဆိုပါတယ်... Xie ဟာ ပလတ်စတစ် ပုံစံခွက်တွေကို ကိုယ်တိုင်ပြုလုပ်ပြီး အဆိုပါဗူးပင်တွေကို စိုက်ပျိုးခဲ့တဲ့အပြင် ဈေးကွက်မှာလည်း ဖြန့်ဖြူး ရောင်းချလျှက် ရှိပါတယ်... 

တရုတ်နိုင်ငံရှိ တရုတ်လူမျိုးတွေရဲ့ အဆိုအရ အခုလို အထူးပြုလုပ်ထားတဲ့ ဗူးသီးတွေဟာ သူတို့အတွက် ငွေရွှင်ခြင်းနဲ့ ကံကောင်းခြင်းတွေကို ဖြစ်စေတယ်လို့ ယုံးကြည်ထားကြပါတယ်... ဒါ့အပြင် ကလေးတွေရဲ့ စူးစမ်းလေ့လာမှု အရည်အသွေးကိုလည်း မြှင့်တင်ပေးတယ်လို့ ဆိုပါတယ်....။