Wednesday, November 13, 2013

အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အင်္ကျီဆွဲချွတ်၍ မုဒိန်းကျင့်ရန်ကြံစည်သူ မုတ်ဆိတ်အားဖမ်းမိ

အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အင်္ကျီဆွဲချွတ်၍ မုဒိန်းကျင့်ရန်ကြံစည်သူ မုတ်ဆိတ်အားဖမ်းမိ

မြစ်ကြီးနား မြို့နယ် ဆင်ခြေဖုန်း ရပ်ကွက်အတွင်း အောက်တိုဘာ ၂၃ ရက်နေ့က အမျိုးသမီးငယ် တစ်ဦးအား ခြိမ်းခြောက်၍ သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်သူ တစ်ဦးကို နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီး အရေးယူမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ မြို့သစ်ကြီး ရပ်ကွက်နေ မစုစု ၁၄ နှစ် (ဘ) ဦးတင်ဝင်း သည် အေးမြသာယာ ဈေးမှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်၌ မိသားစု ကားမောင်းသူ ထင်လင်း (ခ) ပိန်ညှောင်း နှင့် ရင်းနှီးသူ အမည်မသိ ဆိုင်ကယ် မောင်းနှင်သူအား ခြံဝတွင် တွေ့ရှိ၍ '' ဘာကိစ္စ ရှိလို့လဲ '' ဟု သူမမှ မေးမြန်းရာ အိမ်တွင်း၌ သော့ချိတ် ရှာရန် လာကြောင်း ပြော သဖြင့် သော့ဖွင့် ပေးကာ သူမမှ နေအိမ်မီးဖိုသို့ ထွက်ခွာ သွားရာ အမည်မသိ လူက နောက်မှလိုက် လာပြီး သူမအား နေအိမ် အိပ်ခန်းတွင်း သို့ ဆွဲခေါ်ကာ အင်္ကျီအား ဆွဲချွတ်၍ ၄င်းမှ '' မအော်နဲ့ အော်ရင် သတ်ပစ်မယ် '' ဟုပြောပြီး လယ်ပင်းအား လက်ဖြင့် ညှစ်ကာ အသင့် ပါလာသည့် ကတ်ကြေး ဖြင့် ထောက်ထားပြီး သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်စဉ် သူမမှ ရုန်းကန်ပြီး နေအိမ် အရှေ့ဘက်သို့ ထွက်ပြေးကာ အော်ဟစ် အကူအညီ တောင်းခံရာ ပတ်ဝန်းကျင်မှ ရောက်ရှိ လာ၍ ၄င်းအမည် မသိသူမှာ ဆိုင်ကယ် မောင်းနှင်၍ ထွက်ပြေး သွားခဲ့ပြီး သူမမှဖြစ်စဉ် နှင့် ပတ်သက်၍ အစ်မ ဖြစ်သူအား ဖုန်းဆက် အကြောင်း ကြားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်သူမှာ အေးစေတီ ရပ်ကွက်နေ တင်မျိုးလတ် (ခ) မုတ်ဆိတ် ၃၅ နှစ် (ဘ) ဦးတင်ဝင်း ဆိုသူ ဖြစ်ကြောင်း သိရှိရပြီး နိုဝင်ဘာ ၈ ရက် နေ့ တွင် မြစ်ကြီးနားမြို့ နယ်မြေ ရဲစခန်း သို့ တိုင်ကြားရာ နယ်မြေ ရဲစခန်းမှ (ပ) ၂၃ဝ/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
From: ပြည်ချစ်သား

~အသက်အရွယ်အလိုက် လိုအပ်သော အိပ်ချိန်များ~

~အသက်အရွယ်အလိုက် လိုအပ်သော အိပ်ချိန်များ~
Wednesday, November 13, 2013
မွေးကင်းစကလေးငယ်လေးများသည် တစ်နေ့လျှင် ညဘက်အိပ်ချိန် (၉) နာရီ မှ (၁၀) နာရီ ရှိရန်လိုအပ်ပြီး နေ့ဘက်တွင် (၃) နာရီကျော် လိုအပ်ပါသည်။ တောက်လျှောက် တစ်ဆက်တည်း (၃) နာရီ အိပ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ နေ့ဘက်အိပ်ချိန်များ စုပေါင်းလိုက်လျှင် (၃) နာရီကျော် ရှိရမည်ဟု ဆိုလိုပါသည်။
တွားသွားအရွယ်၊ လမ်းလျှောက်စအရွယ်နှင့် မူလတန်းကြိုအရွယ် ကလေးငယ်များသည် ညဘက်အိပ်ချိန် (၉) နာရီမှ (၁၀) နာရီ ရှိရန်လိုအပ်ပြီး နေ့ဘက်တွင် အိပ်ချိန် (၂) နာရီ မှ (၃) နာရီခန့် လိုအပ်ပါသည်။
ကျောင်းတက်အရွယ်ကလေးငယ် များသည် ညဘက်အိပ်ချိန် (၉) နာရီ မှ (၁၁) နာရီ ရရှိရန်လိုအပ်ပါသည်။
ဆယ်ကျော်သက်များသည် ညအိပ်ချိန်စုစုပေါင်း (၈) နာရီမှ (၉) နာရီခန့်လိုအပ်ပါသည်။
အရွယ်ရောက်သောသူများသည် ညဘက်အိပ်ချိန် (၇) နာရီမှ (၈) နာရီအထိ ရရှိရန် လိုအပ်ပါသည်။
ကိုယ်ဝန်ဆောင် မိခင်များသည် ကိုယ်ဝန်ပထမ သုံးလ အရွယ်၌ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကြောင့် အိပ်ချိန် ပိုမိုလိုအပ်လာပါသည်။
အိုမင်းမစွမ်းအရွယ်နှင့် အသက်ကြီးပိုင်းလူများသည် အများအားဖြင့် လူလတ်ပိုင်းများနှင့်အိပ်ချိန်ပမာဏ တူညီစွာ လိုအပ်ပါသည်။ သို့သော် အသက်ကြီးလာသောအခါ အိပ်သည့် ပုံစံပြောင်းလဲသွားတတ်ကာ ကြက်အိပ်ကြက်နိုးသာ အိပ်လေ့ရှိသောကြောင့် လူလတ်ပိုင်းများထက် အိပ်ချိန် လျော့နည်းသွားပါသည်။ ထို့ပြင် အိပ်ရာဝင်ဝင်ချင်း ချက်ချင်း အိပ်ပျော်လေ့မရှိသောကြောင့် စောစီးစွာအိပ်ရာဝင်ရန် လိုအပ်ပါသည်။ နေ့လည်နေ့ခင်း တရေးတမော အိပ်သင့်ပါသည်။
အိပ်ရေးပျက်ထားပါက ပုံမှန်အိပ်ချိန်ထက် ပိုအိပ်ရန် လိုအပ်ပါသည်။ အိပ်နေစဉ် ပတ်ဝန်းကျင် အနှောင့်အယှက်များကြောင့် မကြာခဏ နိုးပြီး နှစ်ခြိုက်စွာ မအိပ်ရပါက ပိုမိုအိပ်ပေးရန် လိုအပ်ပါသည်။
အချို့သောသူများသည် တစ်ညလျှင် နာရီအနည်းငယ်မျှ အိပ်စက်ရုံဖြင့် အိပ်ရေးဝသည်ဟု ထင်တတ်ကြပါသည်။ သုတေသန ပြုချက်များအရ နာရီအနည်းငယ်သာ အိပ်စက်သောညများ များလာပါက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်လုပ်ဆောင်နိုင်စွမ်း လျော့နည်းလာသည်ကို တွေ့ရပါသည်။
တစ်နေ့တာ အိပ်စက်ချိန် (၇) နာရီထက် လျော့နည်းသူများသည် သက်တမ်းတိုသည်ကို တွေ့ရပါသည်။
ညဘက်အိပ်ချိန်ကိုလုံလောက်စွာအသုံးပြု၍အိပ်စက်သော်လည်း နေ့အချိန်၌ မကြာခဏ အိပ်ငိုက်လေ့ရှိပါက ဆရာဝန်နှင့် ပြသဆွေးနွေးသင့်ပါသည်။ ဆရာဝန်မှ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး လိုအပ်ပါက နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေရန် အကြံပေးမည် ဖြစ်ပါသည်။
မှတ်ချက် ။ ။တွားသွားအရွယ် သို့မဟုတ် လမ်းလျှောက်စအရွယ် - အသက် (၉) လမှ (၂)နှစ်
မူလတန်းကြိုအရွယ် - အသက် (၃) နှစ်မှ (၅)နှစ်
ကျောင်းတက်အရွယ်ကလေးငယ် - အသက် (၆) နှစ်မှ (၁၀) နှစ်
ဆယ်ကျော်သက်အရွယ် - အသက် (၁၁) နှစ်မှ (၁၇) နှစ်
အရွယ်ရောက်သောသူများ - အသက် (၁၈) မှအထက်
Myanmar Online News
နှင်းဆီဖူးလေးများ-Love BUDS

ရွှေတိဂုံဘုရားတွင် ဒီဇင်ဘာမှစ၍ အခမဲ့ဝိုင်ဖိုင်အင်တာနက် အချိန်ပြည့် သုံးနိုင်တော့မည်

ရွှေတိဂုံဘုရားတွင် ဒီဇင်ဘာမှစ၍ အခမဲ့ဝိုင်ဖိုင်အင်တာနက် အချိန်ပြည့် သုံးနိုင်တော့မည်
======================================
PN- 052၊ ရန်ကုန်၊ နိုဝင်ဘာ ၁၂၊ Credit to popular news journal
ရွှေတိဂုံဘုရားရင်ပြင်တော်တွင် အခမဲ့ဝိုင်ဖိုင်အသုံးပြုခြင်း မိနစ် ၃ဝ စာ
ကန့်သတ်ထားခြင်းပယ်ဖျက်၍ ဘုရား တံခါးပိတ်ချိန်အထိ အသုံးပြုနိုင်ရန်
ယခုလကုန်တွင် ဆောင်ရွက်ပေးတော့မည်ဟု Red Link ကုမ္ပဏီမှ သိရ သည်။

ဝိုင်ဖိုင် ထုတ်လွှင့်ပေးရာတွင် ယခင်အသုံးပြုခွင့်ပေးသည့် မိနစ် ၃ဝ
အသုံးပြုနိုင်သည့် ပုံစံမျိုးမဟုတ်ဘဲ ဘုရားတံခါးဖွင့်ချိန်မှ ဘုရားတံခါးပိတ် ချိန်အထိ
အသုံးပြုနိုင်မည်ဖြစ်သည်။
''ဘုရားဖူးလာတဲ့သူတွေ အမှတ် တရဓာတ်ပုံရိုက်ပြီး ပို့ချင်တာပဲဖြစ်ဖြစ်၊ ဘုရားသမိုင်းကို
ဝက်ဘ်ဆိုက်မှာ ကြည့် ချင်တာပဲဖြစ်ဖြစ် ပြုလုပ်လို့ရအောင် ဆောင်ရွက်ပေးတာပါ။
အဓိကတော့ ဘုရားဖူးလာတဲ့သူတွေ ဘုရားနဲ့ပတ် သက်ပြီး မသိတာမရှိနိုင်အောင်
အင် တာနက်စနစ်ကို လှူဒါန်းပေးတာပါ''ဟု Red Link ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ
ကိုမျိုးမြင့်ညွန့်က ပြောသည်။
Red Link သည် Wimax အင် တာနက်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပ ဏီတစ်ခုဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံ ဘုရားမတိုင်ခင် ပုံဂံရှိ ရွှေစည်းခုံ၊ ရွှေ ဆံတော်နှင့် အာနန္ဒာဘုရားများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်သုံးစွဲရန် Red Link မှ လှူဒါန်းပေးထားကြောင်း သိရသည်။
ရွှေတိဂုံရင်ပြင်တော်၌ ဝိုင်ဖိုင် အင်တာနက်ကို ၂ဝ၁၂ သြဂုတ်လတွင် ခရစ္စတယ်ရှိုင်း ကုမ္ပဏီမှ နိုင်ငံခြားသား သီးသန့်သုံးစွဲခွင့်ပေးထားခဲ့ပြီး ၂ဝ၁၃ ဖေဖော်ဝါရီလတွင် မည်သူ မဆို အသုံးပြုနိုင်သည့်စနစ်ကို ပြောင်း လဲပေးခဲ့ကြောင်း၊ သို့သော် မိနစ် ၃ဝ အထိသာ သုံးခွင့်ပြုခဲ့ကြောင်းသိရသည်။