Saturday, August 24, 2013

ထားဝယ်တက္ကသိုလ် ကာယဗလအလှမယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ထားဝယ်တက္ကသိုလ် ကာယဗလအလှမယ်ပြိုင်ပွဲ ဆက်လက်ကျင်းပ



ထားဝယ်-သြဂုတ်၁၉
ထားဝယ်တက္ကသိုလ် ကာယဗလအလှမယ်ပြိုင်ပွဲကို
ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌သြဂုတ်၁၈၇က်က
ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပရာ 
အကဲဖြတ်ဒိုင်များအဖြစ်ဦးညွန့်ရွှေ၊
ဦးထွေးလှ၊ဒေါက်တာအေးသီတာနိုင်၊ဒေါ်ခင်ဌေး
ကြွယ်နှင့်ဒေါ်လှလှချောတို့က ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲပြီးနောက် သရုပ်ပြအစီအစဉ်အရ ယမန်နှစ်များက
ကာယအလှမယ်ဆုရရှိခဲ့သည့် မသူသူကျော်နွေး နှင့် 
မရည်မွန်ပြုံးတို့က သရုပ်ပြခဲ့ကြသည်။

ဒေါ်လာ ဈေးနှုန်းကြောင့် ဖုန်းအရောင်းဆိုင် တချို့ မော်ဒယ်လ်မြင့် ဖုန်းများ ရောင်းချမှု မပြုတော့

ဒေါ်လာ ဈေးနှုန်းကြောင့် ဖုန်းအရောင်းဆိုင် တချို့ မော်ဒယ်လ်မြင့် ဖုန်းများ ရောင်းချမှု မပြုတော့

ရန်ကုန် သြဂုတ် ၁၈
မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များတွင် i phone 5 နှင့် အခြားမော်ဒယ်လ်မြင့် ဖုန်းများကို ဆိုင်တွင်ပြသ၍ ရောင်းချမှု လွန်စွာနည်းပါး လာကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရသည်။
မကြာမီ ကာလများ အတွင်း၌ i phone 5 မော်ဒယ်လ်အသစ် ထွက်ရှိလာတော့မည့် သတင်း များနှင့် အတူ ဖုန်းဈေးနှုန်းများ ကျဆင်းလာမည်ကို စိုးရိမ်၍ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ i phone 5 ကို ဝယ်ယူ ရောင်းချခြင်း မပြုတော့ကြောင်း သိရသည်။
''အခုလက်ရှိမှာ ဖုန်းဈေးနှုန်းတွေက မြင့်တက်လာတယ်။ ဒေါ်လာဈေးမြင့် လာတာနဲ့လည်း ဆိုင်တာပေါ့။ အဲဒီတော့ ဖုန်းရောင်းတဲ့ ဆိုင်အတော်တော် များများက တန်ဖိုးကြီး ဖုန်းတွေကို ဆိုင်မှာ တင်မထားကြ တော့ဘူး။ ဝယ်တဲ့သူလာမှ တစ်ရက်၊ နှစ်ရက်စောင့်ခိုင်းပြီးတော့ မှာပေး လိုက်တယ်။ အဲဒီလို မလုပ်ဘဲ ပစ္စည်းတွေ တင်ထားရင် ဈေးကျသွားတော့ ရှုံးတာပေါ့''ဟု 7 star ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုလက်ရှိ မိုဘိုင်းလ်ဖုန်း ဈေးကွက် အတွင်း i phone မှာ ဈေးနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။ ယင်း i phone နောက်တွင် Samsung, HTC, Sony အစရှိသော ဖုန်းအမျိုးအစား များမှာ ဈေးနှုန်းမြင့်ပြီး လက်ရှိ မိုဘိုင်းလ်ဖုန်း အသုံးပြု သူများက Samsung တံဆိပ်ကို အများဆုံး အသုံးပြုကြကြောင်း သိရသည်။
'' i phone က ဝယ်တဲ့သူလည်း နည်းလာတယ်။ ဆိုင်မှာ တင်မထားတော့ဘူး။ ဒီတော့ ဝယ်တဲ့ သူလာမှ မှာပေးတယ်''ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိ မိုဘိုင်းလ်ဖုန်း ပေါက်ဈေးများမှာ i phone 5 (16 GB) မှာငွေကျပ် ၆၉ဝဝဝဝ၊ i phone 5 (32 GB) မှာငွေကျပ် ၈ဝဝဝဝဝ၊ Samsung Galaxy မှာ ငွေကျပ် ၆၂ဝဝဝဝ နှင့် Sony xperia z မှာ ငွေကျပ် ၅၂ဝဝဝဝ တို့ဖြစ်ပြီး ယင်းဖုန်းများသာ ဈေးကွက်အတွင်း လူကြိုက် အများဆုံး ဖြစ်နေကြောင်း သိရသည်။

F 4 မင်းသမီးနှင့် တွေ့ဆုံခြင်း

F 4 မင်းသမီးနှင့် တွေ့ဆုံခြင်း


ကိုရီးယား F 4 ဇာတ်လမ်းတွဲထဲက မင်းသမီးလေးရဲ့ အင်တာဗျူးကို ဒီတစ်ခါတင်ဆက်ထားပါ တယ်။ ကျရာဇာတ်ရုပ်မှာပီပြင်တဲ့သူမဟာ ဒါရိုက်တာအဖြစ်လည်းအောင်မြင်မှုရရှိသူတစ်ယောက် လည်းဖြစ် ပါတယ်။ မကြာမီကလည်း စင်ကာပူမှာကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်မှာ သူမရဲ့ဇာတ်လမ်း ကိုပါဝင်ပြ သဖို့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

Q: HyeSun-ah ကို ဘယ်လိုဝိသေသပြုတာမျိုး နှစ်သက်လဲ။ ဥပမာ- ဒါရိုက်တာ၊ အနုပညာရှင် သို့မဟုတ် သရုပ်ဆောင်တစ်ယောက်အဖြစ် သတ်မှတ်ထားတာမျိုးပေါ့။

A: ဘယ်တစ်ခုမှ ကျွန်မအတွက် အဆင်မပြေပါဘူး။ ကျွန်မဆီကို ဖုန်းမက်ဆေ့ခ်ျတွေပို့တဲ့လူတွေက ဒါရိုက် တာ Ku လို့ခေါ်ကြပါ တယ်။ ကျွန်မထင်တာတော့ သူတို့ကကျွန်မကို “HyeSun-ah” လို့ ခေါ်ရမှာ သက် သောင့် သက်သာရှိပုံမရပါဘူး။ ကျွန်မကို ဘယ်လိုခေါ်ရမလဲ သေချာမသိကြတဲ့အတွက် “ဒါရိုက်တာ Ku ဘာတွေလုပ်နေလဲ” လို့ မေးကြတာမျိုးဖြစ်နိုင်ပါတယ်။ အသက် ၂၄ နှစ်ကတည်းက ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တာဆိုတော့ ခြောက်နှစ်လောက်လည်းရှိနေတော့ ဒါရိုက်တာလို့ခေါ်ရတာ ပိုကောင်းကြ တယ်နဲ့ တူပါတယ်။

ဒါရိုက်တာတစ်ယောက်ရဲ့ဘ၀ကိုရော ဘာကြောင့်ရွေးချယ်ထားတာလဲ။
ဘာကြောင့် ဒီအလုပ်ကို ကျွန်မလုပ်ချင်သလဲဆိုတာ တကယ့်ကို ပဟေဠိဆန်ပါတယ်။ (ရယ်လျက်) ငယ်ငယ်လေးကတည်းက အနုပညာလုပ်ငန်းတွေအပေါ်မှာ စိတ်ဝင်စားတဲ့အတွက်ကြောင့်လို့ ကျွန်မထင် ပါတယ်။ ပန်းချီဆွဲရာကနေ ရုပ်ရှင်၊ ဗီဒီယိုတွေအပေါ်ပိုပြီး အာရုံကျသွားတယ်လို့လည်း ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မကရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တဲ့အတွက် ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေလို့ပါ။ ရုပ်ရှင်ရိုက်တာက ကျွန်မလုပ်ခဲ့တဲ့အရာတွေထဲက ဘ၀ အချိုးအကွေ့ တစ်ခုပါပဲ။

Q: စိတ်ကသိကအောက်ဖြစ်နိုင်တဲ့ မေးခွန်းလေး မေးချင်ပါတယ်။ ဒါကတော့ “YoSool/Magic” ကို ကြည့်ရှုခဲ့တဲ့သူပေါင်း ၅၇၀၀ လောက်ရှိခဲ့ပေမယ့် “Peach Tree” မှာတော့ လူပေါင်း ၃၃၀၀ လောက်ပဲရှိတဲ့ အပေါ် ဘာတွေပြောချင်လဲ။

A: ဒီမေးခွန်းက ဘာလို့များ စိတ်ကသိကအောက်ဖြစ်စေရမှာလဲ။ အဲဒီလိုဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ (ရယ် လျက်)ပထမတစ်ချက်ကတော့ YoSool ကို တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၁၀ ရုံလောက်မှာပဲကြည့် နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ကို DaeBok လို့ သတ်မှတ်ပါတယ်။ ရုပ်ရှင်ကြည့်ဖို့ နေရာ တစ်နေရာရတာ ခက်ခဲခဲ့ပါလိမ့်မယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေ အောက်မှာ YoSool ကို ကောင်း ကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

Q: အဲဒီလို ပရိသတ်ကြည့်ရှုမှုနည်းတဲ့အတွက် စိတ်ဓာတ်အကြီးအကျယ် ကျသွားတာ မျိုးရော မဖြစ်ခဲ့ဘူးလား။

A: နည်းနည်းပါးပါးတော့ဖြစ်တာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကို ပြောပြနိုင်ခဲ့တဲ့အတွက် ကျွန်မအနေနဲ့ အနည်း ငယ်ဆုံးရှုံးမှုရှိလိမ့်မယ်လို့ ထင်ပါတယ်။ Peach Tree ကတော့ အရေးပါတဲ့ဈေးကွက်အတွင်းကို ပထမ ဆုံးအကြိမ်အဖြစ် ရောက်လာခဲ့တာပါ။ တစ်ပတ်ကြာလောက်အတွင်းမှ ထွက်လာခဲ့တယ်ဆိုပေမယ့် ရုပ် ရှင်ရုံတွေမှာ ပြသနိုင်ဖို့တော့ သေသေချာချာလုပ်ရတာပေါ့။ တကယ်တော့ တစ်နှစ်၊ နှစ်နှစ်လောက် အချိန် ယူရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုကို တစ်ပတ်လောက်ကြည့်ပြီးတော့ ဆုံးဖြတ်ရတာဟာ အားနည်းချက် တစ်ခုပါ။

ရုပ်ရှင်ဇာတ်ကားတစ်ကားထွက်လာဖို့အတွက် အချိန်ဘယ်လောက်ပေးရတယ်၊ ဘယ်လို ပေးရတယ်ဆို တာကို လူတွေမသိပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ဖန်တီးမှုက လူတွေကြည့်ရှုခဲ့တဲ့အတွက် အောင် မြင်တယ်လို့ မှတ်ယူပါတယ်။ ကျွန်မမိဘတွေကို ဒီအကြောင်း တောက်လျောက်ပြောဖြစ်ပါတယ်။ ကျွန်မ နဲ့ကျွန်မ ညီမလေးတို့ရှိနေတဲ့အတွက် ကျွန်မအဖေနဲ့ အမေမှာလည်း အောင်မြင်တယ်လို့ ထင်ပါတယ်။ အဲဒီအပြင် စင်ကာပူမှာ မကြာမီကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာလည်း အဲဒီဇာတ်ကားကိုဖိတ်ကြားတဲ့အတွက် ဘာပဲပြော ပြော အောင်မြင်တယ်လို့ ထင်ပါတယ်။(ရယ်လျက်) အဲဒီမတိုင်ခင်တုန်းကတော့ Peach Tree ဟာ ငွေရေး ကြေးရေးအပါအ၀င် တော်တော်များများ ကျွန်မဆုံးရှုံးခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတစ်ခု ဆုံးရှုံး သွားတယ် လို့ မြင်ခဲ့ဖူးပါတယ်။

Q:တချို့ကလည်း မင်းကအောင်မြင်တဲ့မင်းသမီးတစ်ဦးဖြစ်တဲ့အတွက် အနုပညာလုပ်ငန်းတွေလုပ်ရ တာ လွယ်ကူတယ်လို့ ပြောကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

A: ကျွန်မအပေါ်မှာ မယုံကြည်တဲ့ အားမလိုအားမရဖြစ်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိပါ တယ်။ ကျွန်မကဒါရိုက်တာ Ku Hye Sun ဖြစ်တဲ့အတွက် အရာရာလွယ်ကူ တယ်ဆိုတာမဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ ထိုးဖောက်ဖို့က တော်တော်လေးခက်ပါတယ်။ ကျွန်မတို့က လူတွေပြောတဲ့စကားတိုင်း ကိုနားထောင်နေရမယ့်ခေတ်မှ မဟုတ်တော့ပါဘူး။ ကျွန်မလျှောက်ရမယ့်လမ်းကိုပဲ ကျွန်မလျှောက်နေ တာပါ။

Q: လက်ရှိမှာ အခြားစီးပွားဖြစ်ရုပ်ရှင်ဇာတ်ကား တစ်ကားအတွက် ပြင်ဆင်နေတာမျိုးတွေ ရှိပါသလား။

A: ကျွန်မအနေနဲ့တော့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို စီးပွားဖြစ်လား၊ အမှီခိုကင်းလားဆိုပြီး ခွဲခြားဖို့ ခက်ခဲပါ တယ်။ ရုပ်ရှင်တွေကို ဒီလိုခွဲခြားခြင်းမှာ အမှန်တကယ်တော့ ခွဲခြားဆက်ဆံခြင်းတစ်မျိုးပါပဲ။ ရုပ်ရှင်တွေ ကိုပိုက်ဆံရှာဖို့အတွက်၊ အနုပညာဖန်တီးဖို့အတွက်၊ တွေးခေါ်ပညာအတွက်ဆိုပြီး အမှန်တ ကယ် ခွဲခြား နိုင်ပါ့မလား။ ရုပ်ရှင်ဇာတ်ကားအားလုံးမှာ တွေးခေါ်ပညာတွေ ပါဝင်သလို ၀င်ငွေရဖို့ အတွက်လည်း ပါပါ တယ်။ (ရယ်လျက်) ဒါဟာ ရုပ်ရှင်ကြည့်တဲ့သူပေါ်မှာပဲ မူတည်တယ်လို့ ကျွန်မထင်ပါ တယ်။

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ




(၁) ဂျုံကြမ်းဖြင့် ပြုလုပ် ထားသော ပေါင်မုန့်

ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင် ဓာတ်များစွာ ပါဝင်တဲ့ အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေ သနပြု သူတွေက ဆိုပါတယ်။

ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နွားနို့

အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာ စားတဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျ တက္ကသိုလ်မှ သုတေသန ပြုသူတွေက နံနက်စာကို နွားနို့ သောက်သူတွေဟာ အချိုရည် သောက်သူတွေထက် ပိုမို ဗိုက်ပြည့်တင်းမှု ရစေပြီး နေ့ခင်းအစာ စားချိန်မှာ ၂၀၀ ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

(၃) ကြက်ဥ

အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥစားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥ နှစ်လုံးနဲ့ စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁ ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။

Ref ; Medical-Humour

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါးပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း

ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးတွင် တစ်ပါးပါဝင်သည့် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း



ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို လေ့လာ ခဲ့ကြသော ကျွမ်းကျင်သူများက သူတို့၏ အမြင်ကို တစ်ယောက် တစ်မျိုးစီ ဖော်ပြ ပေးခဲ့ကြသည်။

ဘားနက်ကမ်းပါးစ် (Bernet Kempers)က ''ဘောရော ဗုဒ္ဓေါဟာ ဘောရော ဗုဒ္ဓေါပါပဲ'' ဟု ဆိုသည်။ အဓိပ္ပာယ်မှာ သူ့နည်းလမ်း နှင့်သူ အလွန် ထူးခြား နေကြောင်း၊ နောက်တစ်ဦးက ဘောရောဗုဒ္ဓေါ ဘုရားကျောင်းကို အလွန်ကြီးမားသည့် ကြာပဒုမ္မာသည် ပွင့်အန်လာတော့မည့် အခြေအနေ အဆင့်ရှိနေပြီး ရေကန် တစ်ကန်ထဲမှာ ပေါလော မျောနေဟန် ဖြစ်ကြောင်း နီအူဝင်ကမ့် (Nieuwenkamp) က အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ၎င်း၏ စိတ်ကူးကို ၁၉၈၇ ခုနှစ်တွင် အင်ရန်ကူတီ (N Rangkuti)က ထောက်ခံ ခဲ့သည်။ ကောင်းကင်ထဲမှ ကြည့်လျှင် ဘောရောဗုဒ္ဓေါ သည် ပေါလော မျောနေ ဟန် တွေ့ရသည်ဟု ဆိုသည်။ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများ အရ ဘော ရောဗုဒ္ဓေါ ရှိနေသည့် နေရာသည် တစ်ချိန်တုန်းက ဧရာမ ရေကန်ကြီး တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက သက်သေ ပြုပေးနိုင်ခဲ့သည်။ ဘောရောဗုဒ္ဓေါ၏ ပတ်ဝန်းကျင် ရွာအများဆုံးသည် ပင်လယ်ရေ မျက်နှာပြင်၏ အထက် အမြင့်တူတွင် ရှိနေကြပေသည်။ အဆိုပါ ကုန်းမြင့်ပေါ် တွင် ပေါဝမ် (Pawon) နှင့် မန်ဒွတ်ဘုရားကျောင်း (Mendut) များ လည်း တည်ရှိ နေခဲ့ကြသည်။ ဤသို့အား ဖြင့် အဆိုပါ ဧရိယာသည် ရေကန်၏ မျက်နှာပြင်ညီ အမြင့် ၂၃၅ မီတာ၏ အောက်တွင် ရှိနေခဲ့ကြပေသည်။

အေဒီ ၈၄၂ ခုနှစ်က ရေးထိုးခဲ့သည့် ကျောက်စာကို အခြေခံ၍ ဘောရော ဗုဒ္ဓေါ ကျောင်းတော်ကြီးသည် တစ်ချိန်တုန်းက ဝတ်ပြုဆုတောင်းရာ နေရာတစ်ခု ဖြစ်ကြောင်း ကာ့ပါရစ် (Casparis) က အကြံပြုထားသည်။ ကျောက်စာတွင် ''Kawulani Bhumi Sambhara'' ''ကောဝုလန်နီ ဘူမိသမ္ဘာရ'' ဟု ရေးထိုး ထားသဖြင့် ကောဝုလန် (Kawulan) ၏ မူလ အဓိပ္ပာယ်မှာ မြင့်မြတ်ခြင်း၊ အထွတ်အမြတ် ဖြစ်ခြင်းဟု ဆိုလိုပေသည်။ ''Bhumi Sambhara'' ''ဘူမိသမ္ဘာရ'' သည် ဘောရောဗုဒ္ဓေါ ဒေသမှ တစ်နေရာ၏ အမည်ဖြစ်သည်။ အားလုံးကို ခြုံ၍ သုံးသပ်ရသော် ဘောရောဗုဒ္ဓေါ ဘုရားကျောင်းသည် မြေညီကွင်းပြင်မှ ထူပါရုံဘုရား ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း ဘုရားကျောင်းသည် သံသရာ လွတ်မြောက်ရေး လောကုတ္တရာသို့ မျှော်မှန်းရာ ဖြစ်ပေသည်။ ထို့ကြောင့် ကန်တော့ပုံ တည်ဆောက်ထားသည့် အဆောက်အအုံ သည် နှစ်မျိုးဖော်ပြ ထားခြင်း ဖြစ်ကြောင်း ပေါလ်မာ့စ် (Paul Mus) က ပြောကြားခဲ့သည်။ တစ်စုံတစ်ဦးသည် ကျောင်းတော် အတွင်း ရောက်ရှိနေလျှင် ပိတ်ထားသော ကမ္ဘာ ''Closed World'' အဖြစ် ခံစား ရပေမည်။ ထို့နောက် အတွင်းနံရံများ ပေါ်တွင် မျက်နှာပြင် အညီမှ ရုပ်ကြွ ထုလုပ် ပုံသွန်းရုပ်များကို မြင်တွေ့ရမည်။ ထို့ ပြင် ဝရန်တာများသည် အမြဲတမ်း စတု ရန်းပုံ ဆောင်နေကြ၍ ဘုရားကျောင်း၏ အခြားတစ်ဖက်သို့ အထပ်အလွှာ တစ်နေရာထဲတွင် ရှိနေစေကာမူ မြင်တွေ့ နိုင်ခြင်း မရှိပေ။ ဝိုင်းပတ်နေသော စင်္ကြံပေါ်တွင် ရောက်ရှိနေသူသည် အဆိုပါ အထပ်အလွှာ၏ ရှုခင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်ရမည် ဖြစ်သော်လည်း အောက်အဆင့်နှင့် အပေါ် အဆင့်သို့ မြင်နိုင်မည် မဟုတ်ပေ။ ပိန်းပိတ် နေသည့် အသွင်သဏ္ဌာန် ဆောင်ထားခြင်းသည် နည်းပညာ ဆိုင်ရာ ရည်ညွှန်းမှု မဟုတ်ဘဲ ဘာသာရေး ဆိုင်ရာ အယူအဆအရ တည်ဆောက် ထားခြင်း ဖြစ်ကြောင်း အခြား ကျွမ်းကျင်သူများက အကြံပြုထားသည်။

ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးကို ရှစ်ရာစုနှစ်က စန်မာရတ်တန်ဂါ့ (Sanmaratungga) က တည်ဆောက်ထားပြီး ၎င်းသည် ဗုဒ္ဓဘာသာ မဟာယ နဂိုဏ်းဝင် ဖြစ်သည်။ ၁၈၁၄ ခုနှစ်တွင် ဘောရောဗုဒ္ဓေါ ဘုရားကျောင်း အကြောင်းကို ဆာသောမတ်စ် စတင်ဖို့ ရာဖေးလ်စ် (Sir Thomas Stanford Raffles)က ဖော်ထုတ် ပေးခဲ့သည်။ ကျောင်းတော်ကြီးသည် ထိုစဉ်က ပျက်စီး ယိုယွင်းလျက် ရှိနေပြီး မြေကြီးထဲတွင် မြုပ်နေသည်ဟု ဆိုသည်။

အဆောက်အအုံကြီး၏ အလုံးစုံ အမြင့်သည် ၄၂ မီတာရှိသည်။ သို့သော်လည်း ပြန်လည် ပြုပြင်လိုက်သော အခါ ၃၄ ဒသမ ၅ မီတာသာ ရှိတော့သည်။ ၎င်း၏ အတိုင်းအတာသည် ၁၂၃ x ၁၂၃ မီတာ (စတုရန်းမီတာ ၁၅၁၂၉) ရှိသည်။ ၁ဝ ထပ်ရှိကာ ပထမထပ်မှ ခြောက်လွှာအထိ စတုရန်းပုံ တည်ဆောက် ထား၍ ခုနစ်လွှာမှ ၁ဝ လွှာအထိ အ ဝိုင်းပုံစံ ရှိနေပေသည်။

ဘောရောဗုဒ္ဓေါ ဘုရားကျောင်းတော်ကြီးသည် အရှေ့ဘက်သို့ မျက်နှာမူ ထားပြီး နှစ်မီတာ အကျယ်စီ ရှိသော အကွက်အကန့် ၁၄၆ဝ ခုရှိသည်။ နံရံများ အားလုံး၏ အရွယ်အစားသည် စတုရန်း မီတာ ၂၅ဝဝရှိကာ ရုပ်ကြွ ပုံသွန်းရုပ်များကို အပြည့် ထုလုပ်ထားကြောင်း တွေ့ရ သည်။ အဆိုပါရုပ်ကြွ ပါသော အကွက်များမှာ ၁၂၁၂ ခုရှိသည်။ စစ်ဆေး ရေတွက်ကြည့်ပြီး ဗုဒ္ဓရုပ်တုတော် ၅ဝ၄ ဆူ ရှိနေရာ အကောင်းပကတိနှင့် အပျက်အစီးများ အပါအဝင်ဖြစ်ကြ

သည်။ အဆိုပါ ကျောင်းတော်ကြီးကို ၁၉ဝ၅ ခုနှစ်မှ ၁၉၁ဝ ပြည့်နှစ်အထိ ပထမဆုံး အကြိမ် ပြုပြင်ခဲ့ပြီး နောက်ဆုံးအကြိမ် အဖြစ် ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ထပ်မံပြုပြင် မွမ်းမံခဲ့ကြောင်း သိရသည်။

ဘောရောဗုဒ္ဓေါ အကြောင်း သိကောင်းစရာ

အဆောက်အအုံကြီးကို တောင်ကုန်း တစ်ခုပေါ်တွင် စတုရန်း ၅၅ဝဝဝ မီ တာ၊ မီးတောင်ချော်မှ ဖြစ်သော ကျောက်တုံးများကို ဆင့်ထားသည့် ပုံစံဖြင့် စတုဂံပုံ ခြောက်ထပ်၊ အဝိုင်းပုံ လှေကားထစ် သုံးခု၊ အလယ်တွင် စေတီပုံကို ထိပ်အထိ တည်ထားသည်။ အားလုံးခြုံငုံ၍ ကြည့်လျှင် ဗုဒ္ဓ၏ အထွတ်အမြတ် ကြာပဒုမ္မာ တစ်ပွင့်ပုံစံ ဆောက်ထား သည့် အဆောက်အအုံကြီး ဖြစ်ပေသည်။

ပတ်လည်သို့ လှည့်ပတ်၍ မျက်နှာမူ ထားသည့် တင်ပလ္လင်ခွေ ဗုဒ္ဓရုပ်တုတော် ၉၂ ဆူနှင့် ရုပ်ကြွ ရုပ်တုတော် အဆူ ၁၄၆ဝ ရှိသည်။ အောက်ဆုံး အဆင့်တွင် ရုပ်ကြွ ၁၆ဝ ဆူရှိသည်။ အလယ်အဆင့်တွင် ဗုဒ္ဓ၏ဖြစ်စဉ် ဇာတ်နိပါတ်တော် များကို ပုံဖော် ပေးထားသည်။ အမြင့်ဆုံး နေရာတွင် ရုပ်ကြွများသော် လည်းကောင်း၊ အလှဆင်ထား ခြင်းသော် လည်းကောင်း မရှိဘဲ လသာ ဆောင်တစ်ခုရှိပြီး စတုရန်းပုံနှင့်နံရံများ စသည့် အဝိုင်းပုံ ဖြစ် သည်။ စက်ဝိုင်းသည် အစမရှိ၊ အဆုံးလည်း မရှိပေ။ ဤနေရာတွင် စေတီပေါင်း ၉၂ ဆူ၊ အတွင်းစေတီ တစ်ဆူချင်းစီတွင် တင်ပလ္လင်ခွေ ဗုဒ္ဓ ဆင်းတုတော် တစ်ဆူစီ ထည့်သွင်း ပေးထားသည်။

ဗုဒ္ဓဆင်းတုတော်များ အားလုံးသည် ဘူမိဖဿမုဒြာ ဟန်များဖြင့် မဟာပထဝီ မြေကြီးကို သက်သေ ပြုနေဟန်၊ မြတ်စွာ ဘုရား၏ တရားဟောနေ ဟန်ဖြစ်သည်။ ဘောရောဗုဒ္ဓေါ စေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင် တို့၏ အမြင့်မြတ် ဆုံးသော သင်္ကေတ လက္ခဏာ ဆောင်ထားသည့် အပြင် စကြဝဠာ တစ်တိုက်လုံး ၏ ကိုယ်ပွားလည်း ဖြစ်သည်။ ဗောဓိ သတ္တ ဘုရားလောင်း ဘဝဖြစ်စဉ် ဇာတ်ကြီး ၁ဝ ဘွဲ့ကို ဖော်ပြထားပြီး မြတ်စွာ ဘုရား၏ သဗ္ဗညုတ ဉာဏ်အလင်း ဆောင်ခဲ့ပုံကို ဖော်ညွှန်းထားခြင်း ဖြစ်ပေ သည်။

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ


Thursday, August 22, 2013

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်





(၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို
အရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊

(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် )

(၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့
မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊

(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲ
ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ
တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊

(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊

(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊

(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့
အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်
သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊

(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း
တွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊

(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာ
ကိုပဲ မြင်ချင်တယ် ၊၊

(၁၀) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့
အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ်
သွားတယ် ၊ ကြာကြာစိတ်မဆိုးနိုင်ဘူး ၊။

(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့
ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ် ၊၊

(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့
ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် ၊၊

(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊

* အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိ
သွားပြီ *