စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ လက်ထပ်လိုက်တဲ့ နမ်ဆန်းမီ

တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးနမ်ဆန်းမီသည် ဇန်န ၀ါရီ ၂၄ ရက်တွင် ဂျောင်ဂီဒို ဒေသ ယန်ဖျောင်းကောင်တီ၌ မင်္ဂလာပွဲဆင်နွှဲခဲ့သည်။
သက်တူရွယ်တူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်လိုက်သည့် နမ်ဆန်းမီသည် မင်္ဂလာပွဲသို့ နှစ်ဖက်မိသားစုဝင် များနှင့် ရင်းနှီးသော မိတ်ဆွေများကိုသာ ဖိတ်ကြားခဲ့သည်ဟု သိရသည်။ နမ်ဆန်းမီသည် ၎င်း၏ သတို့သားဘက်မှ မိသားစုဝင်များနှင့်အတူ ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ၀င်ရောက်ခဲ့ပြီး ၎င်းတို့စုံတွဲ၏ မင်္ဂလာပွဲကို ဘုရားကျောင်းသင်းအုပ်ဆရာက ကြီးမှူးဆောင်ရွက်ပေးခဲ့သည်။
နမ်ဆန်းမီတို့ စုံတွဲသည် ကြင်စဦးဇနီးမောင်နှံဘ၀ကို ယန်ဖျောင်းအရပ်၌သာ စတင်မည်ဖြစ်ပြီး သတို့သား၏ အလုပ်ကိစ္စများကြောင့် ပျားရည်ဆမ်းခရီးကို ခေတ္တရွှေ့ဆိုင်းထားသည် ဟု သိရသည်။
‘‘နမ်ဆန်းမီရဲ့ ခင်ပွန်းက ကျော်ကြားသူတစ်ဦးမဟုတ် တော့ မင်္ဂလာပွဲကို သီးသန့်လေးပဲလုပ်ခဲ့တယ်။ နမ်ဆန်းမီက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို နားထားပြီး ပရောဂျက်အသစ်တွေကို လေ့လာနေတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာလည်း သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေမှာ ဘာအပြောင်းအလဲမှရှိမှာမဟုတ်ပါဘူး’’ဟု နမ်ဆန်းမီ၏ အေဂျင်စီမှ သတင်းရင်းမြစ်တစ်ခုကဆိုသည်။
နမ်ဆန်းမီနှင့် ခင်ပွန်းဖြစ်သူသည် မိတ်ဆွေတစ်ဦး၏မိတ်ဆက်ပေးမှုမှတစ်ဆင့် ၂၀၁၃ တွင် တွေ့ဆုံခဲ့ကြသူများ ဖြစ်သည်။ ထို့နောက် နမ်ဆန်းမီက မင်္ဂလာပွဲအစီအစဉ်များကို ၂၀၁၄ နိုဝင်ဘာ တွင် ကြေညာခဲ့သည်။
No comments:
Post a Comment