ဒေါ်လာ ဈေးနှုန်းကြောင့် ဖုန်းအရောင်းဆိုင် တချို့ မော်ဒယ်လ်မြင့် ဖုန်းများ ရောင်းချမှု မပြုတော့
ရန်ကုန် သြဂုတ် ၁၈
မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များတွင် i phone 5 နှင့်
အခြားမော်ဒယ်လ်မြင့် ဖုန်းများကို ဆိုင်တွင်ပြသ၍ ရောင်းချမှု လွန်စွာနည်းပါး
လာကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရသည်။
မကြာမီ ကာလများ အတွင်း၌ i phone 5 မော်ဒယ်လ်အသစ် ထွက်ရှိလာတော့မည့် သတင်း
များနှင့် အတူ ဖုန်းဈေးနှုန်းများ ကျဆင်းလာမည်ကို စိုးရိမ်၍
မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ i phone 5 ကို ဝယ်ယူ ရောင်းချခြင်း
မပြုတော့ကြောင်း သိရသည်။
''အခုလက်ရှိမှာ ဖုန်းဈေးနှုန်းတွေက မြင့်တက်လာတယ်။ ဒေါ်လာဈေးမြင့်
လာတာနဲ့လည်း ဆိုင်တာပေါ့။ အဲဒီတော့ ဖုန်းရောင်းတဲ့ ဆိုင်အတော်တော်
များများက တန်ဖိုးကြီး ဖုန်းတွေကို ဆိုင်မှာ တင်မထားကြ တော့ဘူး။
ဝယ်တဲ့သူလာမှ တစ်ရက်၊ နှစ်ရက်စောင့်ခိုင်းပြီးတော့ မှာပေး လိုက်တယ်။
အဲဒီလို မလုပ်ဘဲ ပစ္စည်းတွေ တင်ထားရင် ဈေးကျသွားတော့ ရှုံးတာပေါ့''ဟု 7 star
ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ယခုလက်ရှိ မိုဘိုင်းလ်ဖုန်း ဈေးကွက် အတွင်း i phone မှာ ဈေးနှုန်း
အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။ ယင်း i phone နောက်တွင် Samsung, HTC, Sony
အစရှိသော ဖုန်းအမျိုးအစား များမှာ ဈေးနှုန်းမြင့်ပြီး လက်ရှိ
မိုဘိုင်းလ်ဖုန်း အသုံးပြု သူများက Samsung တံဆိပ်ကို အများဆုံး
အသုံးပြုကြကြောင်း သိရသည်။
'' i phone က ဝယ်တဲ့သူလည်း နည်းလာတယ်။ ဆိုင်မှာ တင်မထားတော့ဘူး။ ဒီတော့ ဝယ်တဲ့ သူလာမှ မှာပေးတယ်''ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိ မိုဘိုင်းလ်ဖုန်း ပေါက်ဈေးများမှာ i phone 5 (16 GB) မှာငွေကျပ်
၆၉ဝဝဝဝ၊ i phone 5 (32 GB) မှာငွေကျပ် ၈ဝဝဝဝဝ၊ Samsung Galaxy မှာ ငွေကျပ်
၆၂ဝဝဝဝ နှင့် Sony xperia z မှာ ငွေကျပ် ၅၂ဝဝဝဝ တို့ဖြစ်ပြီး
ယင်းဖုန်းများသာ ဈေးကွက်အတွင်း လူကြိုက် အများဆုံး ဖြစ်နေကြောင်း သိရသည်။
No comments:
Post a Comment