လည်ချောင်း သီး ဆိုတာ နှာခေါင်း အနောက် ဘက် အာခေါင်နဲ့ ဆက်စပ် တဲ့ပြန် ရည်ကြော တစ်သျှူး (ခန္ဓာ ကိုယ်ကို ရောဂါပိုး အန္တရာယ်မှ ကာကွယ် ပေးတဲ့ တစ်သျှူး) တစ်ခု ပါ။ မွေးခါစ အချိန်မှာ အရွယ်သေး ငယ်နေပြီး အသက် သုံးနှစ် အရွယ်မှာ စတင်ကာ ကြီးထွား လာပါ တယ်။ အကြီး မားဆုံး အနေ အထားကို အသက် ရှစ်နှစ် အရွယ်မှာ ရောက်ရှိ သွား ပါတယ်။ လည်ချောင်း သီး ကြီးမား လာတာ ကြောင့် နှာခေါင်းနဲ့လည်ချောင်းကို ဆက်သွယ် ထားတဲ့ Eustachian ပိုက်လိုင်း ပိတ်ဆို့ သွားပြီး အတွင်း နား ရောင်ရမ်း (Otitis Media) လာတတ် ပါတယ်။ လည်ချောင်း သီးဟာ နှာခေါင်းမှ လည်ချောင်း တွင်း စီးဆင်းနေတဲ့ လေကြောင်း ကိုလည်း ပိတ်ဆို့ တဲ့အတွက် ကလေးငယ် ဟာ ပါးစပ်မှ တဆင့် အသက်ရှု ရတတ် ပါတယ်။ ပါးစပ်မှ တစ်ဆင့် အသက်ရှုရ တဲ့အတွက် အာသီး (tonsil) ပါကြီးမား လာပါတယ်။
ရောဂါ လက္ခ ဏာ
၁။ ပါးစပ်မှ တစ်ဆင့် အသက် ရှူခြင်း
၂။ နှာပိတ် နေခြင်း
၃။ ဟောက် ခြင်း
၎။ နှာခေါင်း သံနှင့် စကား ပြောခြင်း
၅။ နား မကြား ခြင်း
၆။ မကြာ မကြာ အတွင်း နားရောင်ရမ်း တတ်ခြင်း
ရောဂါ ကြာချိန်
ပါးစပ်မှ အသက် ရှုရ တာနဲ့ နှာခေါင်း ပိတ်တာ ဟာ လနဲ့ ချီပြီး ကြာတတ် ပါတယ် မကြာ ခဏ နားပိုး ဝင်တာ ဒါမှမဟုတ် နားပင်း တတ်တာဟာ လပေါင်း ဒါမှ မဟုတ် နှစ်တွေ အထိ ကြာတတ် ပါတယ်။
ဘာကြောင့်ဖြစ်သ လဲ ဆိုတော့ လည်ချောင်း သီးမှာ တာရှည်စွာ ရောဂါပိုး ဝင်နေတာ ကြောင့်ဖြစ် ပြီး နောက်ဆက်တွဲ ပြဿနာ ကတော့ မကြာခဏ နားပိုး ဝင်ခြင်းနဲ့ နားပင်း ခြင်း ဖြစ်ပါတယ်။
အိမ်မှာ ဘယ်လိုကု မလဲ
လည်ချောင်း သီး ရောင်တာ ကို အိမ်မှာ မကု သနိုင်ပါ။ ကလေး ဘဝရဲ့ ပုံမှန် လုပ်ငန်း တစ်ခုသာ ဖြစ်တဲ့ အတွက် နောက်ဆက်တွဲ ပြဿနာ မရှိရင် လျစ်လျှူ ရှုထား လိုက်ပါ။
ဆရာဝန်ကို ဘယ်အချိန် ပြမလဲ
ကလေးနားကိုက်နေရင် ဒါမှမဟုတ် လေးငါးရက်ထက် ပိုကြာပြီး နားတစ်ဖက်
ဒါမှမဟုတ် နှစ်ဖက်စလုံး နားမကြားဖြစ်နေရင် တစ်လထက်ပိုပြီး
နှာခေါင်းပိတ်နေရင်းနဲ့ ပါးစပ်ပိတ်ပြီး အသက်မရှုနိုင်ရင်
ဆရာဝန် ဘာလုပ်ပေးမလဲ
ပါးစပ်နဲ့ နှာခေါင်းကို စစ်ဆေးပေးပါမည်။ တစ်ကြိမ်မှာ
နှာခေါင်းတစ်ပေါက်နဲ့ ဘယ်လောက်အသက် ရှုနိုင်မလဲဆိုတာ စစ်ဆေးမယ်။
နားကြားမှုကို စစ်ဆေးမယ်။ နား၊ နှာခေါင်းနဲ့ လည်ချောင်း အထူးကုထံ လွှဲပေးမယ်။
လည်ချောင်းသီးနဲ့ အားသီးကို ခွဲစိတ်ဖို့ လိုမလို ဆုံးဖြတ်ပေးပါမယ်။
ရောဂါ အခြေအနေ
ရှစ်နှစ် အရွယ်မှ စတင်ပြီး လည်ချောင်း သီးအရွယ်ဟာ ပြန်ငယ်သွား သလို ရောဂါ လက္ခဏာ နဲ့နောက် ဆက်တွဲ ပြဿနာ တွေဟာလည်း လျော့နည်း သွားတတ် ပါတယ်။ ဒါ့ကြောင့် ခွဲစိတ်ဖို့ ရောဂါ လက္ခဏာနဲ့ ကလေးရဲ့ အရွယ်ကို ကြည့်ပြီးမှ ဆုံးဖြတ်ရ ပါတယ်။
Health Digest

No comments:
Post a Comment