ဖာဂူဆန် ပြောတဲ့ ဘက်ခမ်း၊ ဖိနပ်ပျံ အကြောင်း
မန်ချက် စတာ ယူနိုက်တက် မန်နေဂျာ ဟောင်း ဆာအဲလက်စ် ဖာဂူဆန် ဟာ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် တစ်အုပ် ထုတ်ဝေ လိုက် ပြီ ဖြစ်ပြီး အဆိုပါ စာအုပ် ထဲမှာ တစ်ချိန် က နာမည် ကြီး သတင်း တစ်ပုဒ် ဖြစ်ခဲ့သည့် ဒေးဗစ် ဘက်ခမ်း နှင့် ဖြစ်ပျက် ခဲ့သည့် မကျေ လည်မှု များ အကြောင်း၊ အဝတ်လဲ ခန်း ထဲမှ ဖိနပ်ပျံ အကြောင်း များ ကို ထည့်သွင်း ရေးသား ဖော်ပြ ခဲ့သည်။
“မန်ချက် စတာ ယူနိုက်တက် ကစား သမား တစ်ယောက် ဟာ သူ့ အနေနဲ့ မန်နေဂျာ ထက် ပိုပြီး အရေးပါ တယ် လို့ ထင်နေတဲ့ တစ်နေ့ သူ အသင်း က ထွက်ရ မှာပါ။ ဒေးဗစ် ဟာ အဲလက်စ် ဖာဂူဆန် ထက် အရေးပါ အရာ ရောက်တယ် လို့ ထင်မြင် ခဲ့ပါ တယ်။ ဒါ သူ့ အတွက် သေမင်း ခေါင်းလောင်း သံ ပါပဲ။”

“အဲဒီတုန်း က သူနှင့်
ကျနော့် ကြားမှာ ၁၂ ပေ လောက်ပဲ ဝေးတာပါ။ ကျနော် တို့ နှစ်ယောက် ကြား က
ကြမ်းပြင် မှာ ဖိနပ်တွေ အစီလိုက် ရှိနေ ပါတယ်။ ဒေးဗစ် ဟာ ခပ် ကြမ်းကြမ်း
စကား တွေ ပြောနေ ပါတယ်။ ကျနော် သူ့နား ကို တိုးသွား ခဲ့ ပါတယ်။ ပြီးတော့
ဖိနပ် ကို ကျနော် ကန် ကျောက် ခဲ့တာပါ။ အဲဒီ ဖိနပ် က သူ့ ညာဖက် မျက်ခုံး ကို
သွားထိ ခဲ့ ပါတယ်။”
“ဒါပေါ့။ သူ မတ်တပ် ထရပ် ပြီး ကျနော့် ဆီ တိုး လာတော့ မလို ဟန်ပြင် လိုက် ပါတယ်။ တစ်ခြား ကစား သမားတွေ က သူ့ကို ‘ထိုင်နေ လိုက်’ လို့ ပြောပြီး သူ့ကို တားဆီး ခဲ့ ပါတယ်။ ကျနော် ပြောခဲ့ တာ ကတော့ ‘မင်း အသင်း ကို စိတ်ပျက် စေ ခဲ့တယ်။ မင်းကြိုက် သလို စောဒက တက်နိုင် တယ်။’ လို့ ကျနော် ပြော ဖြစ် ခဲ့တယ်။”
“နောက်နေ့ကျ တော့ ကျနော် သူ့ကို ခေါ်ပြီး ဗီဒီယို ပြန်ကြည့် ခိုင်းခဲ့တယ်။ ဒါပေမယ့် သူ ကတော့ သူ့ အမှား လို့ လက် မခံခဲ့ ပါဘူး။ ကျနော်ေ ပြာတာ တွေ ကို ထိုင်ပြီး နားထောင် နေခဲ့ တယ်။ သူ စကား တစ်လုံးမှ မပြော ခဲ့ဘူး။ တစ်ခွန်း မှ ကို ပြန် မပြော ခဲ့တာ ပါ။ ‘ငါတို့ ဘယ် အကြောင်း ပြောနေကြ တယ် ဆိုတာ မင်း နားလည် ရဲ့လား၊ ဘာလို့ မင်းကို ပြောနေ ရ တာလဲ ဆိုတာ မင်း သိရဲ့လား။’ လို့ ကျနော် မေးခွန်း ထုတ်ခဲ့ ပေမယ့် သူ ဘာမှ ပြန် မဖြေ ခဲ့ဘူး။”
“နောက်ရက် ရောက်တော့ ဒီ အဖြစ် အပျက်တွေ က သတင်းစာ တွေမှာ မျက်ခုံး ဒါဏ်ရာ ကို ဟိုက်လိုက် လုပ်ပြီး ပြည်သူ တွေ ကို ဖော်ပြ နေကြ ပါပြီ။ အဲဒီနေ့ တွေမှာ ပဲ ကျနော် ဒေးဗစ် ကို ထုတ်မှ ဖြစ်တော့ မယ် လို့ ဘုတ် အဖွဲ့ကို ပြောခဲ့ ပါတယ်။” ဟု ရေးသား ဖော်ပြ ခဲ့သည်။
Football Cafe

No comments:
Post a Comment