Monday, September 29, 2014

နာမည်ကျော် အနုပညာရှင်များ၏ အလှဖန်တီးရှင် နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး


နာမည်ကျော် အနုပညာရှင်များ၏ အလှဖန်တီးရှင် နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး


စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့ အပါအ
ဝင် နာမည်ကျော်အနုပညာရှင်များ၏
မိတ်ကပ်ဖန်တီးရှင်နှစ်ဦးဖြစ်သည့် ဖြူစင်နှင့်
မငယ်တို့သည် စက်တင်ဘာလ ၂၂
ရက် ညနေက ငွေဆောင်ကမ်းခြေတွင်

ရေကစားရင်း ရေနစ်သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ထိုမိတ်ကပ်ဖန်တီးရှင် နှစ်ဦးသည် စန္ဒီမြင့်လွင်နှင့် ၀ိုင်းစုခိုင်သိန်းတို့၏ အမ်တီဗီရိုက်ကူးရေးတွင် မိတ်ကပ်ပြင်ပေးရန် လိုက်ပါသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ရေဆင်းဆော့ရင်းဖြစ်တာလို့ တွေ့လိုက်တဲ့လူတွေက ပြော ကြတယ်။ မနေ့ ညနေပိုင်းလောက်က ရေနစ်သွားတာ။ တစ်ယောက် ကတော့ သိပ်မကြာဘူး။ ပြန်ပေါ်လာတယ်။ နောက်တစ်ယောက်က ဒီနေ့မနက်မှာ ထပ်ပေါ်လာတယ်’’ ဟု ငွေဆောင်ကမ်းခြေမှ ဒေသခံတစ်ဦးဖြစ်သူ ကိုသူရစိုးက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ငွေဆောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် သက်ဆိုင်ရာအရာရှိ မရှိသောကြောင့် ဖြေကြား၍ မရကြောင်း ညစောင့်တာဝန်ကျတပ်သားတစ်ဦးက ပြောသည်။

‘‘နှစ်ယောက်လုံး ရေဆင်းဆော့နေတုန်း လှိုင်းပုတ်ပြီး နစ်သွားတာ။ ကမ်းခြေက လူတွေကယ်ဖို့ လိုက်ကြတော့ မမီတော့ဘူး။ ဘယ်လိုမှ မယုံနိုင်ဘူး။ မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်သွားတာ။ စိတ်ထဲမှာ အခုထိမဖြေနိုင်သေးဘူး’’ဟု ၎င်းတို့နှင့်အတူ ငွေဆောင်တွင် အတူရှိနေခဲ့သူဟု ယူဆရသည့် သူငယ်ချင်းတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။





ဘလော့ကို ဝင်ရောက်ကြည့်ရှု့သူများ ဝင်မရဖြစ်နေပါလျှင် ဘလော့ဆိုက်သို့ရောက်ရှိပြီး တစ်ခြားပေ့ခ်ျ ပေါ်လာလျှင်




ပည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှ ပိုင်ဆိုင်လိုသူများအတွက် ''


''ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှ ပိုင်ဆိုင်လိုသူများအတွက် ''


ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို
 ပိုင်ဆိုင်လိုတာ အပျိုပဲဖြစ်ဖြစ်
အိမ်ထောင်သည်ပဲဖြစ်ဖြစ် ထိန်းသိမ်း
မှုပေါ်မူတည်ပြီး ပုံကျလှပနိုင်သလို
 ပုံပျက်တွဲကျလာနိုင်ပါတယ်။


မြန်မာပြည့်က မိန်းခလေးတွေက ရင်သားကြီးထွားမှာ ကြောက်ကြတာများပါတယ်။

အများစုက တော့ မိန်းမပီသတဲ့ အလှတော့ ရှိချင်ကြတာမိန်းကလေးတိုင်းရဲ့
ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး
 ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။

တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ နို့တိုက်မိခင်များ
ကလေးနို့ဖျက်ပြီးရင် နို့ရည်ခန်းခြောက်သွားတာကြောင့် ပုံပျက်နိုင်တယ်ပါတယ်။ စိတ်ဓါတ်မကျသွားပါနဲ့။ အရေပြားမှာ ကျုံ့နိုင်ဆန့်နိုင်တာကြောင့် သေချာ ဂရုစိုက်ပေးခြင်းအားဖြင့် ၆လမှ တစ်နှစ် အတွင်း ပုံမှန် အရွယ်အစားကို ပြန်ဖြစ်နိုင်သလို တင်းတင်းရင်းရင်းနဲ့ လှပနိုင်ပါတယ်။

 နို့တိုက်နေစဉ်မှာလဲ နို့တိုက်မိခင်သုံး ဘော်လီများ ၀တ်နိုင်သလို့။ ကလေးကို ခေါင်းအုံးခံတိုက်ပေးခြင်း၊ ဘေးတိုက် အိပ်ရပ် နို့တိုက်ပေးခြင်းများဖြင့် ရင်သားပုံမပျက်ပဲ လှပနေစေနိုင်ပါတယ်။ နို့တိုက် ရင်လဲ နှစ်ဘက်မျှတိုက်ပေးပါ။ ဒါမှ ရင်သား ဘက်ညီမှာဖြစ်ပါတယ်။

၂။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၃။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၎။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၅။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ ရင်သား တင်းရင်း ပုံကျစေရန် ဆေးများ
( Bust Firming Boosting Cream)
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။ ရင်သားတင်းဆေးဆိုပြီး သူများ ညွှန်းတိုင်းလဲ မသုံးသင့်ပါဘူး ။

 internet မှ review များကို ကြည့် product quality control ကိုလဲ သေချာကြည့်ပြီးမှဝယ်သင့်ပါတယ်။ တချို့ လိမ်းဆေးတွေ တစ်ကယ် ကောင်းပါတယ်။ ရင်သား တင်းရင်းရုံမကပဲ အသားရောင်ကို ပါ စိုဝင်းစေပါတယ်။ပန်းရောင်သန်းနေသော နို့သီးဂေါင်း လေးတွေကိုလဲ ပိုင်ဆိုင်နိုင်ပါတယ်။ နို့သီးဂေါင်းတွေပုံစံလှချင်ရင်တော့ ကလေး နို့တိုက်စဉ်သုံးတဲ့ နို့ညစ်တဲ့ ကိရိယာလေးနှင့် ၂လ တစ်ခါ လောက် လေစုပ်ပေးခြင်းဖြင့် လဲ ခေါက်မနေအောင် အမြဲ သတိထားပြီး သန့်ရှင်း ဂရုစိုက်ပေးသင့်ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Myawady News'



အမျိုးသမီးတွေ သည်းမခံနိုင်တဲ့ အမျိုးသားတွေရဲ့ အပြုအမူ၊ အပြောအဆိုများ


အမျိုးသမီးတွေ သည်းမခံနိုင်တဲ့ အမျိုးသားတွေရဲ့ အပြုအမူ၊ အပြောအဆိုများ


တစ်ခါတစ်လေ အမျိုးသားတွေဟာ ကိုယ့်
ချစ်သူအပေါ် ၊ အမျိုးသမီးသူငယ်ချင်းတွေ
အပေါ်၊ ဒါမှမဟုတ် တစ်ခါမှ မသိ၊
မခင်သေးတဲ့ အမျိုးသမီးတွေအပေါ်


 ပြုမူပြောဆိုဆက်ဆံတာတွေက ရိုင်းစိုင်းတာတွေ ရှိပါတယ်။ သူုတို့ဘက်က အဲ့ဒီ လောက်လည်း မဟုတ်ပါဘူးလို့ တွေးလိုက်တဲ့အရာတွေက အပြောခံလိုက်ရတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ တော်တော်လေး ကသိကအောက်ဖြစ်စေတာပါ။

၁။တွေ့သမျှအမျိုးသမီးတွေကို အချစ်ကလေး၊ အသည်းကလေးလို့ လိုက်ခေါ်နေတာမျိုး။

ကိုယ်က သူ့ချစ်သူဆိုရင်တော့ ဒါမျိုးက ကိစ္စမရှိပါဘူး။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ကိုယ်နဲ့လည်း ဘာမှမပတ်သက်ပဲ အချစ်ကလေး၊ အသည်းကလေးလို့ ဘယ်သူက အခေါ်ခံချင်မှာလဲ။ စဉ်းစားကြည့်ပေါ့။

၂။ကလပ်ထဲမှာ ကတဲ့အခါ ဟိုထိ၊ ဒီထိ၊ ဟိုကိုင်၊ ဒီကိုင် လာလုပ်တာ။

သူငယ်ချင်းတွေလို ပေါင်းနေကြပေမယ့် ကလပ်ထဲလည်း ရောက်ရော ဘာအထာမှ မထားတော့ပဲ ကိုယ့်ကိုဟိုထိဒီထိ လာလုပ်တာမျိုးပေါ့။

၃။လမ်းပေါ်ကနေ ညစ်တီးညစ်ပတ်တွေ အော်ဟစ်ပြောဆိုသွားတာ။

ကိုယ်က ကားလမ်းဘေးမှာ လမ်းလျှောက်နေတုန်း ကားမောင်းသွားတဲ့ ငနဲက ညစ်တီးညစ်ပတ် စနောက်တာမျိုးဆိုရင်လည်း ဘယ်အမျိုးသမီးက သည်းခံနိုင်မှာလဲ။ စိတ်ကသိကအောက် အဖြစ်ရဆုံးတစ်ခုပါ။

၎။စိတ်တိုလို့ တစ်ခုခုပြောလိုက်မိတိုင်း ရာသီလာနေတာလားလို့ မေးတာ။

ကိုယ့်ချစ်သူမို့လို့ သည်းခံပေးနေရတာ မှန်ပါတယ်။ ဒါပေမယ့် စိတ်တိုစရာတွေ့လို့ ပြောဆိုလိုက်တိုင်း မင်း ရာသီလာနေတာလားလို့ အမေးခံရတာလောက် ဘယ်သူက သည်းမခံနိုင် ဖြစ်စရာရှိသေးသလဲ။

၅။တစ်နေရာသွားပြီဆိုရင် သူတို့ရှိသမျှပစ္စည်းတွေကို ကိုယ့်အိတ်ထဲ လာစုပြုံထိုးထည့်တတ်တာ။

ယောင်္ကျားလေးတွေဟာ အပိုပစ္စည်းတွေ သယ်ရတာ သဘောကျလေ့မရှိပါဘူး။ လွတ်လွတ်လပ်လပ် လက်ဗလာနဲ့ကို အိမ်ကထွက်ချင်ကြတာပါ။ အဲ့ဒီတော့ သူတို့သယ်ရမယ့်ပစ္စည်းအတိုအစတွေကို ကိုယ့်ပိုက်ဆံအိတ်ထဲလာထိုးထည့် ရုံမှတပါး အခြားဘာရှိသေးလို့လဲ။

၆။စကားပြောနေရင် ဖြတ်ဖြတ်ပြောတတ်တာ။

တစ်ခုခုကို ပြောနေပြီဆို ပြီးအောင်မစောင့်ပဲ ပြောချင်တာဝင်ပြောတတ်တာမျိုးကလည်း တကယ်ကို မုန်းစရာကောင်းတဲ့အပြုအမူပါပဲ။

၇။တထွီထွီနဲ့ တံတွေးထွေးတတ်တာ။

လူကြားသူကြားထဲမှာ ဘေးညာမကြည့်ပဲ ထွီခနဲ တံတွေးထွေးတတ်တဲ့ယောင်္ကျားတွေကို မေးချင်တာက  ဒါကိုရှက်စရာလို့ မမြင်ဘူးလားဆိုတာပါပဲ။

၈။အတွေ့အကြုံနည်းနည်းလေးမှ မရှိဘူးလားလို့ မေးတတ်တာ။

ဘယ်သူကမှတော့ မွေးကတည်းက အတွေ့အကြုံကောင်းတွေနဲ့အတူ မွေးဖွားမလာတတ်ပါဘူး။ အလုပ်ထဲမှာ နှိမ်ချဆက်ဆံခြင်းဟာ အမျိုးသားတွေအနေနဲ့ မလုပ်သင့်တဲ့အရာပါပဲ။

၉။တစ်ခုခု ဝေဖန်လိုက်တာနဲ့ မိန်းမ၀ါဒီသမားလို့ သတ်မှတ်တာ။

တစ်ခါတစ်လေ ကိုယ်က ယောင်္ကျားတွေဟာ ဒီလိုလေးတော့ ဖြစ်သင့်တယ်လို့ နည်းနည်းပြောလိုက်တာနဲ့ မင်းက မိန်းမ၀ါဒီသမားသက်သက်ပဲဆိုပြီး ပြောဆိုတတ်တာကလည်း ကြာရင် အမျိုးသမီးတွေအနေနဲ့ သည်းခံနိုင်ဖွယ်ရာ မရှိပါ ဘူး။

၁၀။ဒေါသထွက်နေချိန်မှာ ချစ်စရာကောင်းလိုက်တာ ဆိုပြီးရွဲ့ပြောတာ။

အမျိုးသမီးတွေအနေနဲ့ အတည်ပြောဆိုချိန်၊ ဟန်ဆောင်စိတ်ကောက်နေချိန်ဆိုပြီး ရှိပါတယ်။ ဟန်ဆောင်စိတ်ကောက်နေတဲ့အချိန်မျိုး ကိုယ့်ကိုလိုက်ပြန်ချော့တာ၊ ချစ်စရာကောင်းတယ်လို့ ပြောတာကိစ္စမရှိပေမယ့် တကယ့်ကို အလေးအနက်ထားပြီး ပြောဆိုနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်မျိုးမှာ အဲ့ဒီလိုပုံက ချစ်စရာကောင်းတယ်လို့ စနောက်တာကိုတော့ ဘယ်သူကမှ ပီတိမဖြစ်နိုင်ဘူးလေ။

Ref:cosmopolitan.com


IS အန္တရာယ် အမေရိကန် လျှော့တွက်


IS အန္တရာယ် အမေရိကန် လျှော့တွက်


Islamic State စစ်သွေးကြွတွေနဲ့ ဆီးရီး
ယားအခြေစိုက် တခြားစစ်သွေးကြွအဖွဲ့တွေ
 ပေါ်ထွက်လာတဲ့အပေါ် အမေရိကန်က
 လျှော့တွက်ခဲ့မိသလို သူတို့အပေါ် အီရတ်ရဲ့
တိုက်ခိုက်နိုင်စွမ်းကို ပိုတွက်ခဲ့မိတယ်လို့


အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

အမေရိကန်အစိုးရထဲက တချို့တိုက်တွန်းခဲ့သလို ဆီရီးယားမှာ အလယ်အလတ်ကျတဲ့ သူပုန်တွေကို အမေရိကန်က လွန်ခဲ့တဲ့ ၂ နှစ်ကသာ လက်နက်တပ်ဆင် ထောက်ပံ့ပေးခဲ့ရင် ဒီကနေ့ ဆီးရီးယားနိုင်ငံမှာ ပြဿနာတွေရှိနေမှာ မဟုတ်ဘူးဆိုတာဟာ စိတ်ကူးယဉ်ပြောတာသာဖြစ်တယ်လို့
အမေရိကန်မှာ တနင်္ဂနွေနေ့ညပိုင်းပြသတဲ့ CBS ရုပ်သံက 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ အခုအီရတ်မှာဖြစ်နေတဲ့

အခြေအနေတွေဟာ အီရတ်ဝန်ကြီးချုပ်ဟောင်း Nouri al-Maliki ကြောင့်လည်း တစိတ်တပိုင်းဖြစ်တယ်လို့ သမ္မတက အပြစ်တင်ပါတယ်။ အီရတ်နိုင်ငံ
စည်းစည်းလုံးလုံးဖြစ်စေဖို့ အခွင့်အရေးတခုကို ဝန်ကြီးချုပ်က အလဟဿ ဖြစ်စေခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မစ္စတာ Maliki ဟာ
ဆူနီမွတ်ဆလင်တွေနဲ့ Kurds တွေအပေါ် သံသယရှိခဲ့ပြီး စည်းလုံးညီညွတ်တဲ့ အစိုးရဖြစ်အောင် စုစည်းဖို့ထက် သူ့ရဲ့ ရှီရာမွတ်လင်တွေဆီက အခိုင်အမာ ထောက်ခံမှု ရရှိဖို့ကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယား၊ အီရတ်နဲ့ ဒေသတွင်းက တခြားခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောပေါက်အောင် စဉ်းစားရမယ်လို့ အမေရိကန်သမ္မတက ဆိုပါတယ်။

ကိုယ်က ရှီရာလား၊ ဆူနီလားဆိုတာကိုပဲ လူငယ်တွေ အာရုံစိုက်နေမဲ့အစား ပညာရှာဖို့ အလုပ်အကိုင် ကောင်းကောင်းရအောင်လုပ်ဖို့တွေကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောကြားသွားပါတယ်။

VOA (မြန်မာပိုင်း)

ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ

ညစ်ညမ်းရုပ်ရှင် ကြည့်ခြင်းသည် အမျိုးသားများ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်းတွေ့ရှိ


ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့်
အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုး
သားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့
သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်


လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျသွားစေကြောင်းထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။

လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။

ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ်လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။
" လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ်ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်'' ဟု သုတေသနပြုလုပ်သူများက ပြောသည်။

Ref: The Telegraph
Popular Myanmar Journals










 
ဘလော့ကို ဝင်ရောက်ကြည့်ရှု့သူများ ဝင်မရဖြစ်နေပါလျှင် ဘလော့ဆိုက်သို့ရောက်ရှိပြီး တစ်ခြားပေ့ခ်ျ ပေါ်လာလျှင် 
Browser က အနောက်သို့ မြှားလေးကို နှိပ်ပြီး ပြန်ထွက်ပါ။ 
တစ်ခါတစ်ရံ ၃ ခါလောက်လုပ်ရပါတယ်။

နောက်တစ်ခုကတော့ ဘလော့ကို ရောက်ပြီး ပိတ်လိုက်ပါ။ နောက်တစ်ခါ ဘလော့ကို ပြန်ဝင်လိုက်ပါ။ ဘလော့ထဲမှာ ကာမကိစ္စများ
ဝင်ရောက် ဂလုလို့ရပါလိမ့်မယ်။

အံ့ဖွယ်ကျောက်ချဉ်

အံ့ဖွယ်ကျောက်ချဉ်

Tuesday, October 29, 2013


ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စား လေ့ ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေစေတဲ့ သတ္တိရှိတဲ့အတွက် သီဝနတ် ဘုရားနဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ် မလ တို့ကို ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ်ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။ အစာကိုကြေ စေသည်။ သည်းခြေအားနည်းသည် ကိုလည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ တွင် ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ် လက် ကိုက်ခဲသောအနာ၊ သွေး၊ အသားခြောက်ကပ်သောအနာ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊ မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို နိုင်၏ လို့ ဆိုထားပါတယ်။

ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့ တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ ချဉ်၊ ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း၊ အနာများ ကို အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။

ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)






ဘလော့ကို ဝင်ရောက်ကြည့်ရှု့သူများ ဝင်မရဖြစ်နေပါလျှင် ဘလော့ဆိုက်သို့ရောက်ရှိပြီး တစ်ခြားပေ့ခ်ျ ပေါ်လာလျှင် 
Browser က အနောက်သို့ မြှားလေးကို နှိပ်ပြီး ပြန်ထွက်ပါ။ 
တစ်ခါတစ်ရံ ၃ ခါလောက်လုပ်ရပါတယ်။

နောက်တစ်ခုကတော့ ဘလော့ကို ရောက်ပြီး ပိတ်လိုက်ပါ။ နောက်တစ်ခါ ဘလော့ကို ပြန်ဝင်လိုက်ပါ။ ဘလော့ထဲမှာ ကာမကိစ္စများ
ဝင်ရောက် ဂလုလို့ရပါလိမ့်မယ်။

မိမိတင်ပေးစေလိုသော ဗီဒီယို များ၊ ဓာတ်ပုံများ ရှိပါက kamayathas@gmail.com သို့မဟုတ် ကာမရသခံစားမယ် FB Messages ကနေလဲ 

သူနဲ့ လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀

သူနဲ့ လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀

Thursday, September 25, 2014
သူနဲ့လက်ထပ် တော့မယ်ဆိုရင် ဘဝ တလျှောက်လုံး သူနဲ့ အေးအတူ ပူအမျှ နေသွား ရမှာပါ။

ဒါပင်မဲ့ နှစ်ယောက် အတူတူနေတဲ့ အခါကျရင် အဆင်ပြေ ပါမလားဆိုပြီး စိတ်ထဲမှာ စိုးရိပ်စိတ် ကလေးတွေက ဖြစ်နေတတ် ပါတယ်။

ဒီအတွက် ဘယ်အချက် လေးတွေကို လက်မထပ်ခင် ကြည့်ထား သင့်သလဲ ဆိုတာကို Share လိုက်ပြီနော်။

၀၁. ပိုက်ဆံသုံးတာ စည်းကမ်းရှိလား 

ပိုက်ဆံသုံးတာ စည်းကမ်းရှိဖို့လိုအပ်ပါတယ်။ ပိုက်ဆံသုံးတာ စည်းကမ်းရှိလွန်းအားကြီးရင်လည်း ကိုယ့်အတွက် လိုအပ်ရင် သုံးဖို့တွန့်တိုရင်တော့ မကောင်းဘူးပေါ့နော်။

၀၂. အကျွေးအမွေး ဝါသနာပါနေလား 

သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရင် စိတ်ထဲမှာ ပျော်လို့ဆိုပြီး သူကချည်းပဲ ကျွေးနေလို့ကတော့ မဆင်မပြေပါ။

၀၃. အကြွေးရှိလား။ 

ပိုက်ဆံချေးတဲ့ အကျင့်ရှိတဲ့သူဟာ အကြွေးက အမြဲတမ်းရှိနေတတ် ပါတယ်။ အဲဒီလို အကျင့်ရှိတဲ့သူဟာ ဒီအကျင့်ကို ဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ပါ။

၀၄. ဘာမဆို တတ်တတ်ကြွကြွရှိရဲ့လား။ 

ပိတ်ရက်မှာ လျှောက်သွားဖို့အတွက် တတ်တတ်ကြွကြွရှိပြီး ဘယ်သွားမလဲဆိုတာကို အစီအစဉ် ဆွဲပေးတတ် လား။ ဘဝကို ဘယ်လိုလျှောက်လှမ်းမလဲဆိုတာကို သေသေချာချာ စဉ်းစားပေးသောသူကော ဟုတ်နဲ့လား။

၀၅. လျှို့ဝှက်ချက်ရှိလား။ 

သမီးရည်းစား ဘဝမှာတော့ လျှို့ဝှက်ချက်လေးတွေရှိတာက စိတ်ဝင်စားဖို့ကောင်းပင်မဲ့၊ လက်ထပ်ပြီးသွားတဲ့ အချိန်မှာ လျှို့ဝှက်ချက်တွေများပြီး ခဏအပြင်သွားမယ်ဆိုပြီး ပြန်မလာရင် ဘယ်လိုတွေးရမလဲ။

၀၆. အသေးစိတ်လား။ 

ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကို အသေးစိတ်မေးနေ တတ်သလား။ ဘယ်သူ့ဆိုက ဖုန်းလဲ။ ဒီနေရာလေး ညစ်ပစ်နေပြီ စသည်ဖြင့် ခဏခဏလုပ်နေရင်တော့ အဆင်မပြေပါ။

၀၇. ပြောချင်သော စကားကိုပြောနိုင်ပါသလား။ 

သူ့ကို ဘယ်လောက်ပဲချစ်ချစ် သူပြောတဲ့အတိုင်းနေပြီး ကိုယ့်ရဲ့ရင်ထဲက စကားတွေကိုလည်း ပြောနိုင်ရဲ့လား။

၀၈. ကိုယ်ရဲ့စကားတွေကို ဂရုတစိုက် နားထောင်ပေးလား။ 

ကိုယ့်အကြောင်းကို နားထောင်မပေးပဲ၊ အမြဲတမ်းသူ့အကြောင်းချည်းတွေပဲ ပြောနေလို့ကတော့ လက်ထပ်ပြီး ရင်တော့ ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။

၀၉. သူငယ်ချင်းတွေကို တန်ဖိုးထားသောသူလား။ 


သူငယ်ချင်းတွေနဲ့ အဆင်မပြေရင် ချက်ချင်း အဆက်အသွယ်ဖြတ်ပြစ်တဲ့သူဆိုရင်တော့ မကောင်းပါ။ လူမူရေး ကိစ္စတွေနဲ့ ကြုံတဲ့အခါ သူငယ်ချင်းတွေက ကူညီပေးတဲ့အခါလည်း ရှိတတ်ပါတယ်။

၁၀. သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးသလား။ 

သူ့ရဲ့အပေါင်းအသင်းတွေကို မိတ်ဆက်ပေးတယ်ဆိုတာ ကိုယ့်ကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

၁၁. သူ့မိသားစုကို အရေးပေးလွန်းလား။ 

မိသားစု စည်းလုံးတယ် ဆိုတာကောင်းပင်မဲ့ အမေအတွက် ညီမအတွက် အကြောင်းပြပြီး ကိုယ့်ကိုမေ့နေရင်တော့ မကောင်းပါ။

၁၂. သူ့အမေအကြောင်းကို လုံးဝမပြောဘူး။ 

သူ့အမေအကြောင်းကို လုံးဝမပြောဘူး ဆိုရင်တော့ အမေ့ကို သိပ်ချစ်သော သူဖြစ်ပါလိမ့်မယ်။

၁၃. အတင်းတွေချည်း ပြောနေလား။ 

အလုပ်မှာ စိတ်ညစ်စရာတွေ ကြုံတယ်ဆိုတာဟာ ဓမ္မတာပါ။ ဒီစိတ်ညစ်စရာတွေကို အိမ်ကိုသယ်လာပြီး တောက်လျှောက် နေ့တိုင်းပြောနေရင်တော့ စိတ်ညစ်စရာပါ။

၁၄. ထမင်းချက်တတ်သလား။ 

ကိုယ်က နေမကောင်းဖြစ်တဲ့ အချိန်မှာ ကိုယ့်အစား ချက်တတ်ပြုတ်တတ်ရင်တော့ ကောင်းပါတယ်။ စားဖိုမှူး တယောက်လို ချက်တတ်ရမယ်လို့ မဆိုပါ။

၁၅. သူ့ဝါသနာတွေနဲ့ပဲ အချိန်ကုန်နေလား။ 

အလုပ်က အိမ်ပြန်လာရင် ဘာမှမလုပ်ပဲ သူကစိတ်ဝင်စားတဲ့ဟာကိုပဲလုပ်နေတတ်သလား။

၁၆. ဖင်ပေါ့ရဲ့လား။ 
သိပ်ပြီး အပြင်သွားလေ့ မရှိတဲ့ သူဖြစ်ရင်တောင် ကလေးတွေရလာရင် ကလေးတွေအတွက် သွားလားလှုပ်ရှား ဖို့အတွက် တတ်တတ် ကြွကြွရှိဖို့လိုပါတယ်။

၁၇. ပိုးကောင်တွေနဲ့ကော အဆင်ပြေရဲ့လား။ 

မိန်းကလေးတွေက အိမ်တွင်းက ပိုးကောင်တွေကို ကြောက်တတ်ပါတယ်။ သူပါကြောင်နေရင်တော့ အဆင်မပြေပါ။

၁၈. ကလေးယူဖို့အတွက် သဘောတူရဲ့လား။ 

သာယာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ကလေးက အဓိကဖြစ်မှာပါ။ ကလေးယူမယ်ဆိုတဲ့ အတွေးလေးတွေလည်း တူရဲ့လား။

၁၉. သူရဲ့အတူရှိရင် စိတ်ထဲမှာ အေးချမ်းရဲ့လား။ 

လက်ထပ်တယ်ဆိုတာ ဘဝတစ်လျှောက်လုံး အတူတူ လျှောက်လှမ်းရမှာပါ။ သူ့ဘေးမှာ အတူရှိနေပင်မဲ့ စိတ်ထဲမှာ အေးချမ်းတည်ငြိမ်မူ မရှိရင်တော့ စဉ်းစားပါ။

၂၀. ပြုံးပျော်နေရဲ့လား။ 

ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သူ့မျက်နှာလေးကို ကြည့်လိုက်ရင် ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့သူကို ရွေးပါ။

အချက်တွေများသွားလို့ စိတ်ညစ်သွားမလားတော့ မသိဘူး။ ကလေးရရင် ပြောင်းလဲလာတဲ့ ယောင်္ကျားတွေလည်း အများကြီးပါ။ ကိုယ့်နဲ့အတူတူ ဘဝရဲ့ ခက်ထန်တဲ့လမ်းကို ရဲ့ရဲ့ဝံ့ဝံ့ရင်ဆိုင်နိုင်သောသူနဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

ဆေးလွန်ခြင်း၊ ဆေးဆိပ် သင့်ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုတွင် သေဆုံးမှုမြင့်တက်

ဆေးလွန်ခြင်း၊ ဆေးဆိပ် သင့်ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုတွင် သေဆုံးမှုမြင့်တက်


Tuesday, April 08, 2014
Health Updates Journal No. 112
ဆေးလွန်ခြင်း၊ ဆေးဆိပ်သင့် ခြင်းတို့သည် မတော်တဆ သေဆုံးမှုများ ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ အနက် အဖြစ်အများဆုံး ပြဿ နာများဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်သည့် သုတေသန တစ်ခုက ဆိုသည်။

ဆယ်ကျော်သက်လူငယ်များ၌မူ ဆဲလ်ဖုန်း အသုံးပြုခြင်းကြောင့် မော်တော်ယာဉ် တိုက်မှုကဲ့သို့ ထိခိုက် ပျက်စီးမှုများ အများဆုံး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အသက် (၆၅) နှစ်ကျော်အရွယ်တွင် လဲကျမှု၊ ပြုတ်ကျမှုများကြောင့် သေဆုံးမှု အများဆုံး ဖြစ်ပေါ်လျက် ရှိသည်။ ဆေးလွန်ခြင်း၊ ဆေးဆိပ်သင့်ခြင်းတို့သည် ကလေးငယ်များ၌သာ အဖြစ်များလေ့ရှိပြီး ဆေးဗီရိုထဲ မှ ဆေးများကို စားစရာထင်မှတ်၍ စားသုံးခြင်းကြောင့် ဖြစ်တတ်ကြောင်း စာရင်းဇယားများအရ တွေ့ရသော် လည်း အသက် (၃၀) တန်း၊ (၄၀) တန်းအရွယ်များတွင် ဆေးအလွန် အကျွံသုံးစွဲမှုကြောင့် သေဆုံးရနှုန်း သည် ၁၉၉၃ ခုနှစ်ကတည်းက တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့ရသည်။

မိမိအသက်ကို ရန်ရှာလိုသည့် ရည်ရွယ်ချက်မရှိဘဲ ဆေးလွန်ခြင်းကြောင့် မတော်တဆသေဆုံးမှုနှုန်းသည် အသက် (၂၅) နှစ်မှ (၆၄) နှစ်အထိ တိုးမြင့်ဖြစ်ပေါ်လာပြီး အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီနှင့် အခြားပြည်နယ် (၁၈) ခု၌ မတော်တဆ ထိခိုက်သေဆုံးမှု အကြောင်းရင်းများတွင် ဆေးလွန် ခြင်း၊ ဆေး ဆိပ်သင့်ခြင်းသည် အဓိက အကြောင်းရင်းတစ်ခု ဖြစ်လာကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို (CDC) က ဆိုသည်။
ဆေးဆိုင်မှ ကိုယ်တိုင်ဝယ်ယူ နိုင်သည့်ဆေးများ၊ ဆရာဝန်ဆေးစာပါမှ ၀ယ်ယူနိုင်သည့်ဆေးများနှစ်မျိုး စလုံးကြောင့် ဆေးလွန်ခြင်းဖြစ်ပေါ် နိုင်ပြီး ၂၀၁၀ ခုနှစ်အတွင်း၌ အဆိပ်သင့်သေဆုံးမှုများ၏ (၉၁) ရာခိုင် နှုန်းမှာ ဆေးလွန်ခြင်း၊ ဆေးဆိပ်သင့် ခြင်းကြောင့် ဖြစ်သည် ကို တွေ့ရှိထားသည်။

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရရှိ


နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာ
အမျိုးသမီးလေးတွေ အကြိမ်ရေ ခပ်စိပ်စိပ်
သွားပြိုင်လာကြတဲ့ခေတ်မှာ မြန်မာမိန်းမ
လျာ တစ်ဦးကလည်း နိုင်ငံတကာအလှ
မယ်ပြိုင်ပွဲကြီးမှာ


ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Queen 2014 နိုင်ငံတကာ
မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့ မိန်းမလျာအလှမယ်
ကတော့ မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးပွဲစဉ် ကျင်းပမယ့် ဒီပြိုင်ပွဲကို နိုင်ငံတကာမှာရှိတဲ့ လိင်တူချစ်သူ
တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက
ဒီပြိုင်ပွဲကို မနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မိန်းကလေးအလှမယ်ပြိုင်ပွဲတွေလို အလှအပအပြင် ပင်ကို အရည်အချင်း၊ ဗဟုသုတ
စတာတွေကိုပါ အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပြီး သရဖူဆုအပြင် Title ဆုတွေကိုပါ ပေးသွားမှာ
ဖြစ်ပါတယ်။

သရဖူရရှိသူဟာ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကို ဆုကြေးငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။

"နိုင်ငံတကာမှာ သွားပြိုင်ကြတဲ့ မနန်းခင်ဇေယျာတို့ကို ကြည့်ပြီး အားကျလို့ Miss International
Queen Myanmar 2013 ကို ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့လို့ ထိုင်းမှာလုပ်မယ့်
Miss International Queen ကို ပြိုင်ခွင့်ရခဲ့တာပါ"လို့ အမည်ရင်း မျိုးကိုကိုစန်း ဖြစ်ပြီး
ချစ်လမင်းငယ် အဖြစ် အမျိုးသမီးနာမည်ပြောင်းလဲထားတဲ့ ပြိုင်ပွဲဝင်အလှမယ်က ဆိုပါတယ်။

Miss International Queen Myanmar 2013 ပြိုင်ပွဲကို Rainbow Organisation က
ကြီးမှူးကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးဖို့ ပြိုင်မယ်ဆိုတော့ အိမ်ကို အသိမပေးရဲခဲ့ဘူး။ အိမ်က
မသိဘဲ လုပ်ခဲ့ရတာဆိုတော့ အ၀တ်အစား၊ ဖိနပ်ကအစ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခဲ့ရတယ်။
ကိုယ့်အတွက်ကလည်း ဒီပွဲက ပထမဆုံးပွဲဖြစ်လို့ အခက်အခဲတွေကတော့ အများကြီးပဲ။
သူငယ်ချင်းတွေ ကူညီလို့သာ ဒီဆုကိုရခဲ့တာပါ"လို့လည်း ပထမအဆင့် ပြည်တွင်းပြိုင်ပွဲမှာ
ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပါတယ်။

မိန်းမလျာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် အဆိုးမြင်ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း
အားပေးတဲ့ပရိသတ်တွေလည်း ရှိတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"ညီမကိုတော့ မြင့်မြတ်တဲ့ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဆိုပြီး ဘာသာရေးအရ
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီမအမြင်ကတော့ ကိုယ်နေထိုင်ရာ လူ့အသိုင်းအ၀ိုင်း
ကို ကောင်းကျိုးပြုမှ မြင့်မြတ်တယ်လို့ မြင်ပါတယ်။ မိန်းမ၊ ယောက်ျား၊ မိန်းမလျာလို့ ခွဲခြားမမြင်ဘဲ
ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပေးမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ"လို့
ဆိုပါတယ်။

အသက် ၂၀ ရှိပြီး B-Tech (မြို့ပြ) ဘွဲ့ရရှိထားတဲ့ ချစ်လမင်းငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့
တင် ၃၅၊ ရင် ၃၃၊ ခါး ၂၃ နဲ့ အရပ်ကတော့ ငါးပေ၊ ခုနစ်လက်မခွဲရှိပြီး လိင်ခွဲစိတ်ပြုပြင်တာမျိုးတော့
မလုပ်ထားဘူးလို့ ပြောပြပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အလှအပပိုင်းအပြင်
အင်္ဂလိပ်စကားပြော အပိုင်းကိုပါ လေ့လာသင်ယူနေတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"အရင်နှစ်က ၀င်ပြိုင်ခဲ့တဲ့ အစ်မ သန်ညာမောင်ကလည်း ကူညီပါတယ်။ ဗဟုသုတအမေးအဖြေ
အတွက် လေ့လာထားရမယ့် အပိုင်းတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို
အရမ်းစိတ်ဝင်စားတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကအစ လေ့လာပြီး ပြင်ဆင်ထားဖို့
သူကပြောပါတယ်" မိသားစုက အစပိုင်းမှာ လုံးဝအားမပေးခဲ့ပေမယ့် အခုအချိန်မှာတော့
ပြိုင်ပွဲဝင်ဖို့အတွက် အိမ်က ခွင့်ပြုချက်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အနေအထိုင်၊ အပြောအဆိုကအစ
ဆင်ခြင်နေထိုင်ပြီး ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ထားတဲ့အမြင်ကို
ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း မိန်းမလျာအလှမယ်က ဆိုပါတယ်။

"ညီမအိမ်က ခွင့်ပြုချက်လည်း ရသွားပါပြီ။ အရင်ကဆို မိန်းမလျာတွေဆိုရင် မိတ်ကပ်လိမ်းတဲ့သူ
အနေနဲ့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အရင်ကလောက် အထင်သေးတာမျိုးတွေ
မရှိတော့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တင် မဟုတ်ပါဘူး၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းရဲ့
ကိုယ်စားပြုလည်း ဖြစ်နေတယ်။ ညီမက မှားသွားရင် ညီမမှားတယ်လို့ မြင်မှာမဟုတ်ဘူး၊
အကုန်လုံးက ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲလို့ ထင်သွားကြမှာ။ အဲဒီအတွက် အနေအထိုင်၊
အပြောအဆိုကအစ ညီမ ထိန်းသိမ်းပါတယ်"လို့ ဆိုပါတယ်။

Miss International Queen နိုင်ငံတကာ မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံတကာက
ခွဲစိတ်ပြုပြင်ထားသူတွေနဲ့ ခွဲစိတ်ပြုပြင်မှု လုပ်မထားတဲ့ မိန်းမလျာတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ အသက်ကိုတော့ ၁၈ နှစ်ကနေ ၃၆ နှစ်အတွင်းလို့ သတ်မှတ်ထားပါ
တယ်။

၂၀၁၃ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် သန်ညာမောင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

အဲဒီနှစ်က သရဖူကို ဆွတ်ခူးသွားတာက ဘရာဇီးလ်အလှမယ် ဖြစ်ပါတယ်။

Myanmar Times 

ဘ၀မှာ နေပျော်ချင်သူ တို့အတွက် ဥပဒေသ (၁၀) ချက်

ဘ၀မှာ နေပျော်ချင်သူ တို့အတွက် ဥပဒေသ (၁၀) ချက်


Wednesday, September 03, 2014
en.my7475.com
၁။ ကိုယ့်ကို အကူအညီ မတောင်းမချင်း သူတပါး အလုပ်ကို ၀င်မစွက်ဖက် မိအောင် ပြုမူနေထိုင်ပါ။

၂။ ခွင့်လွှတ် နားလည်ပေးနိုင်တဲ့ စိတ်ဓာတ် မွေးမြူနိုင်အောင် ကြိုးစားပါ။

၃။ လိုချင်စိတ်တော့ ထားပါ။ သို့သော် ငတ်ကြီး မကျမိအောင် ကိုယ့်လောဘကို ထိမ်းနိုင်အောင် ကြိုးစားပါ။

၎။ တဖက်သားအပေါ် မနာလို ၀န်တိုစိတ် မဖြစ်မိစေရန် ကိုယ့် စိတ်ဓာတ်ကို မြှင့်တင်ထားပါ။

၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ ရနိုင်မည်ဆိုသည့် အသိမျိုးကို အမြဲပျိုးထောင်ပေးထားပါ။

၆။ ကိုယ့်ရဲ့ မကောင်းတဲ့ အမူအကျင့်ကို လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။

၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ စိတ်ဓာတ်မျိုး မမွေးမိအောင် ကြိုးစားပါ။

၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့ စိတ်ဓာတ် မွေးမြူထားပါ။

၉။ ပူဆွေး ၀မ်းနည်းမှုတွေနဲ့အတူ အချိန်မဆွဲမိအောင် ကြိုးစားပါ။

၁၀။ ဘယ်တော့မှ သတိလက်လွတ် မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။

လှချင်လွန်းလို့ နှာခေါင်းသွားပြင်ခဲ့ရာမျိုးသမီးအားမေ့ ဆေးပေးပြီးမုဒိန်းကျင့်ခံရ

လှချင်လွန်းလို့ နှာခေါင်းသွားပြင်ခဲ့ရာမျိုးသမီးအားမေ့ ဆေးပေးပြီးမုဒိန်းကျင့်ခံရ


သင်မြင်တွေ့နေရတဲ့ပုံဟာ အမျိုးသမီးတစ်
ဦးနှာခေါင်းလှချင်လို့နာခေါင်းသွားပြင်ခဲ့တဲ့
ပုံပါဖြစ်ပါတယ်။နှာခေါင်းမပြင်ခင် အရင်ဦးဆုံး
နာကျဉ်မှုဝေဒနာမခံစားရအောင်ဆိုပြီးထို
အမျိုးသမီးအားမေ့ဆေးပေးဖို့ လူနာနဲ့

နှာခေါင်းပြင်ပေးမဲ့ဆရာ သဘောတူလိုက်ကြပါတယ်။

မေ့ဆေးလည်းပေးပြီးရော လူနာမှာလည်း လင်ငုတ်တုတ်ဘယ်ချိန်ကရလိုက်မှန်းမသိရသွားခဲ့တဲ့အဖြစ်ကို လှို့ဝှက် cctv မှrecord မိထားတဲ့ပုံပဲဖြစ်ပါတယ်။

လှချင်လွန်းတဲ့သင်သည်လည်း ထိုနည်းအတိုင်းဖြစ်ကောင်းဖြစ်သွားနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ အနေထားနဲ့ ခွဲစိပ်ပြုပြင်မဲ့ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်နဲ့သာရွေးချယ်ပြီးပြုပြင်ပါလို့ သတိပေးပါရစေ။

Phayathonezu City Image




အမျိုးသမီးများ စကပ်ဆိုက်ကို သတိထား

အမျိုးသမီးများ စကပ်ဆိုက်ကို သတိထား

Sunday, September 28, 2014
အသက် ၂၀ ပြည့်ပြီးနောက် ၁၀ နှစ်အတွင်း ခါးဆိုက် တစ်ဆိုက်စီ တိုးလာလေ့ရှိသော အမျိုးသမီးများသည် သွေးဆုံးပြီး နောက်ပိုင်း၌ ရင်သား ကင်ဆာဖြစ်ပွားနိုင် ချေ ၃၃ ရာခိုင်နှုန်း ပိုသည့်အတွက် အမျိုးသမီးများ အနေနှင့် မိမိကိုယ်အလေးချိန် တိုးလာခြင်း ရှိ၊မရှိကို မိမိ ၀တ်ဆင်သော စကပ် အရွယ်အစားအား ဂရုပြုစောင့် ကြည့် သင့်ကြောင်း လန်ဒန် ယူနီဗာစီတီ ကောလိပ်မှ သုတေသီများက ပြောသည်။

အ၀လွန်ခြင်းကြောင့် ကင်ဆာဖြစ်ပွားမည့် အန္တရယ် ရှိရာဝယ် ခါးအလယ်ပိုင်း အဆီများသော အမျိုးသမီးများတွင် ရင်သားကင်ဆာ ပိုမိုဖြစ်ပွားသည့်အတွက် နောင်တွင် မိမိ၌ ရင်သားကင်ဆာ ဖြစ်လာနိုင်ခြင်း ရှိ၊မရှိကို မိမိဝတ်ဆင် သော စကပ်ခါးဆိုက် တက်လာခြင်းရှိ၊မရှိ စောင့်ကြည့်ရုံဖြင့် လွယ်ကူစွာ သိရှိနိုင်မည့် နည်းဖြစ်သည်။ 

အင်္ဂလန်နိုင်ငံတွင် အသက် ၅၀ မှ ၆၀ အရွယ် အမျိုးသမီး ၉ သောင်းကျော်အား စောင့်ကြည့်ခဲ့ရာ ၃ နှစ်အတွင်း ရင်သားကင်ဆာဖြစ်ပွားသူ ၁၀၉၀ ဦးရှိခဲ့ပြီး ၄င်းတို့ အားလုံးသည် အသက် ၂၀ နောက်ပိုင်း ၁၀ နှစ်လျင် အနဲဆုံး ခါးဆိုက် တစ်ဆိုက် ပုံမှန်ကြီးလာသူ များဖြစ်သည်ကို တွေ့ ရသည်။ 

၁၀နှစ်အတွင်း ခါးဆိုက်တစ်ဆိုက်ပိုကြီးလာလျင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး နှစ်ဆိုက် ပိုကြီး လာလျင်မူ ၇၇ ရာခိုင်နှုန်းဖြစ်လေရာ ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှုပုံစံကို ကျင့်သုံးပြီး လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ကာ ခါးအလယ်ပိုင်းအဆီမတက်အောင် ဂရုတစိုက်နေထိုင်သွားပါလျင် အမျိုးသမီးတိုင်းသည် ရင်သား ကင်ဆာဖြစ်ပွားနိုင်ချေကို ၄၀ ရာခိုင်နှူန်းခန့်  လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အမျိုးသမီးတွေက ပေါင်ချိန်ကြပါတယ်။ ဒါပေမယ့်ချိန်ပြီးတော့ ညဉ်းညူလိုက်တာပဲရှိပြီး နေထိုင်မှုပုံစံ၊ ကျန်းမာရေး လေ့ကျင့်ခန်း အစရှိတာတွေကို ဟုတ်တိပတ်တိ ဂရုမစိုက်ကြပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်တိုးလာတယ်ဆို တာ တစ်ကိုယ်လုံးအချိုးကျကျတိုးလာတယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမယ့် ခါးလယ်ပိုင်းအဆီက သိသိသာသာ တိုးလာတယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်မယ်ဆိုတဲ့ နိမိတ်လက္ခဏာဖြစ်နေပါတယ်။ ဒါကိုအမျိုးသမီးတွေ အလွယ်ဆုံးနည်းနဲ့  သတိထားမိဖို့  စကပ်ဆိုက်ကို ဂရုစိုက်ပါလို့ ပြောရတာပါဟု သုတေသီတစ်ဦးက ပြောပြသည်။ 

ထို့ ကြောင်း သွေးဆုံးပြီးနောက်ပိုင်း ရင်သားကင်ဆာအန္တရယ်ကိုရှောင်ရှားနိုင်ရန် အမျိုးသမီးထုသည် ကျန်းမာရေး နှင့် ညီညွတ်သောကိုယ်အလေးချိန်ကို ထိန်းထားရန်လိုအပ်ပြီး ကိုယ်လက်လှုပ်ရှားမှုကို တတ်နိုင်သလောက် ပြုလုပ် ကာ အရက်သေစာသောက်သုံးမှုကိုလည်း လုံးဝဖြတ်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။

ရှောင်ရှားသင့်သော ဆေးနှင့် အစာတွဲစပ် မှီဝဲမှုများ

ရှောင်ရှားသင့်သော ဆေးနှင့် အစာတွဲစပ် မှီဝဲမှုများ


Sunday, September 28, 2014


ref;swesone media group
-------------------------------------- 

Wednesday, August 27, 2014

လပေါ်တွင် အင်တာနက် အသုံးပြုနိုင်မည်

လပေါ်တွင် အင်တာနက် အသုံးပြုနိုင်မည်

Tuesday, May 27, 2014


လပေါ်တွင် လေ၊ ရေ တို့ တည်ရှိသကဲ့သို့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။ ယခုအခါ တွင် လပေါ် ၌ အင်တာနက် အသုံးပြုနိုင်မည့် နည်းလမ်းကို MIT နှင့် နာဆာတို့က တွေ့ရှိပြီဖြစ်သည်။
အဖွဲ့အစည်းနှစ်ခုက ကမ္ဘာမြေပေါ်တွင်သာ အသုံးပြုနိုင်သေးသည့် အင်တာနက်ကို လပေါ်တွင် အသုံးပြုနိုင် မည့် သတင်းအချက်အလက် ဆက်သွယ်မှု နည်းပညာကို ပထမဆုံး အကြိမ် သရုပ်ပြခဲ့ပါသည်။ သူတို့၏ နည်းပညာသည် ကြီးမားသည့် ဒေတာ ပမာဏ နှင့် High Definition Video များကိုပါ ကြည့်ရှုနိုင်ပါသည်။

လပေါ်သို့ ဒေတာများပေးပို့ရန် New Mexico တွင် တည်ရှိသော အဝေးကြည့်မှန်ပြောင်းလေးခုကို အသုံးပြုပါသည်။ မှန်ပြောင်းတစ်ခုစီတွင် သတင်းအချက်အလက် များပေးပို့နိုင်သော လေဆာထုတ်လွှင့် သည့် ကိရိယာတစ်ခုစီ တပ်ဆင်ထားပါသည်။

အဖွဲ့အစည်းနှစ်ခုသည် ကီလိုမီတာ (၃၈၄၆၃၃) ကွာဝေးသည့် ကမ္ဘာမြေနှင့်လကြားတွင် 19.44Mbps အမြန်နှုန်းဖြင့် ဒေတာများ ပေးပို့ခဲ့ပြီး Download Speed မှာ 622Mbps ဖြစ်ပါသည်။ ကမ္ဘာမြေမှ ပေးပို့ လိုက်သော လေဆာ ရောင်ခြည်များကို လပတ်လမ်းကြောင်းရှိ Satellite တွင် တပ်ဆင်ထားသည့် အဝေးကြည့်မှန်ပြောင်းမှ ဖမ်းယူမည် ဖြစ်သည်။ ထို့နောက် လေဆာရောင်ခြည်များကို သတင်းအချက် အလက်များအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါသည်။

Nasa နှင့် MIT တို့သည် သူတို့၏ တွေ့ရှိမှုကို ဇွန်လ ကိုးရက်နေ့တွင် ကယ်လီဖိုးနီးယား ၌ ကျင်းပမည့် CLEO Laser Technology Conference တွင် ပြသမည် ဖြစ်သည်။ သူတို့၏ ကမ္ဘာမြေနှင့် လကြား တွင် လေဆာရောင်ခြည် ဆက်သွယ်မှုသည် RF Signals က ယခင်တင်ထားခဲ့သည့် စံချိန်ကို မည်သို့ ချိုးဖျက်ခဲ့သည်ကို Nasa နှင့် MIT က ရှင်းလင်း ပြသမည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal

Tonsillitis အာသီးရောင်ခြင်း

Tonsillitis အာသီးရောင်ခြင်း

Thursday, March 20, 2014

ကျမသမီးက ငယ်ငယ်ကလေးဘဝထဲက အာသီးခဏခဏရောင်ပါတယ်။ ယခု သူ့အသက် ၂၇ နှစ်ပါရှင်။ အဲဒါနား နှခေါင်းလည်ချောင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ့ နဲ့ အာသီးကိုခွဲထုတ်ရပါတယ်။ မခွဲက ကြာလျှင် ကင်ဆာ ဖြစ်နိုင်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်ရှင်။ သမီးကလည်း အာသီးရောင်တာကနေ့တိုင်းနီးပါးပါး ဆိုတော့ ကျမတို့လည်း ခွဲထုတ်ပြီးရင် ဘာမှမဖြစ်တော့ဘူးလို့ ထင်ခဲ့တာ။ အခုခွဲပြီးတာ ၃ လရှိပါပြီ။ အာသီးခွဲတုံးက အနာကျက်ဆေး ၁ လုံး ၁ဝဝဝ/- တန် ၁ဝ ရက်ထိုးခဲ့ရပါတယ်။ ဒါပေမဲ့ အာသီးခွဲတဲ့နေရာမှာ ပြည်တည်နေပါတယ်။ အရင်လိုဘဲ အာသီးရောင်တဲ့အတိုင်း ခံစားနေရပါတယ်။ ပိုက်ဆံလည်းကုန်၊ လူလည်းနာနဲ့၊ သမီးလည်း တော်တော် စိတ်ဆင်းရဲပြီး သမီးအသက် ၃ဝ ပြည့်အောင်နေရမှာမဟုတ်ပါဘူးလို့ပြောနေပါတယ်ဆရာ။ ကျမတို့ ဘာဆက် လုပ်သင့်ပါသလဲဆရာ။

• လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခုစီ။ ကောင်းနေရင် မျက်စိနဲ့မြင်ရဘူး။ ရောင်လာမှ ကြီးလာ၊ နီလာ၊ ပြည်တည်တာတွေမြင်ရတယ်။
• ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားတွေကနေ ရောင်စေတယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။
• Group A β-hemolytic streptococcus ဗက်တီးရီးယားကြောင့်ဖြစ်တာကို strep throat လို့ခေါ်ကြတယ်။
• အများစုက ဆေးမလိုဘဲ ပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာကြာတယ်။
• ရှားပေမဲ့ ဆိုးတဲ့ Staphylococcus aureus ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ MRSA ဆိုရင်တော်တော့ဆေးကို ယဉ်တယ်။ Streptococcus pneumoniae, Mycoplasma pneumoniae, Chlamydia pneumoniae, pertussis, Fusobacterium, diphtheria, syphilis, and gonorrhea တွေကနေလဲဖြစ်နိုင်တယ်။ ကျန်တာတွေလဲရှိသေးပြန်တယ်။
• ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေက adenovirus, rhinovirus, influenza, coronavirus နဲ့ respiratory syncytial virus တွေဖြစ်ကြတယ်။ Epstein-Barr virus, herpes simplex virus, cytomegalovirus, or HIV ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်တယ်။

ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင်ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။

• ဆေးကုတဲ့အခါ
- အနာသက်သာဆေး paracetamol/acetaminophen and/or ibuprofen တခုခု ပေးရမယ်။ အနာသာမက အရောင်လဲလျော့၊ အဖျားလဲကျတယ်။
- ဆားရေနွေး၊ ငုံဆေး၊ ရေခဲငုံတာတွေကလဲ သက်သာစေလို့ သုံးသင့်တယ်။ Listerine mouth wash ကောင်းတယ်။
- penicillin or amoxicillin ကို ဗက်တီးရီးယားတွေအတွက် ပဌမတန်းစားအဖြစ်သုံးတယ်။
- Cephalosporins နဲ့ macrolides (erythromycin) တွေကဒုတိယဆေးအုပ်စုတွေဖြစ်တယ်။ ပနယ်စလင်ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။
- နောက်တဆင့် clindamycin or amoxicillin-clavulanate ဆေးပေးမယ်။
- Abscess ပြည်တည်ရင် ခွဲထုတ်ရမယ်။
• ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ကြာမယ်။
• ခဏခဏဖြစ်နေသူဟာ အလာဂျီဖြစ်နိုင်တယ်။ ဗက်တီးရီးယားဆေးနဲ့ မရပါ။ Cetrizine ည ၁ လုံးကောက်ပါ။ မတည့်တာကိုရှောင်ပါ။
• နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။

Amoxicillin အမောက်ဆာစလင်
• အသက်ရှူလမ်း အထက်ပိုင်းပိုးဝင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• လေပြွန်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊

Azithromycin (အဇစ်သရိုမိုင်စင်)
Generic ဆေးနာမည်ရင်းဖြစ်တယ်။ (မက်ခရိုလိုက်အုပ်စု) ပဋိဇီဝဆေး ဖြစ်တယ်။ ဆေးကုမ္ပဏီတွေက Zithromax®, Zithromax® TRI-PAK™, Zithromax® Z-PAK®, Zmax™ နာမည်တွေ ပေးထားတယ်။

ပေးနိုင်တဲ့ရောဂါတွေ -
လေပြွန်ရောင်ခြင်း အပါအဝင် အသက်ရှူလမ်းပိုးဝင်ခြင်းများ၊ နားရောင်ခြင်း၊ ဆိုင်းနပ်စ်၊ နူမိုးနီးယား၊ အာသီးရောင်၊ လည်ချောင်းနာ၊ အရေပြားအနာအမျိုးမျိုး၊ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊ ခရီးသွား-ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ STDs လိင်ကတဆင့်ကူးစက်ရောဂါများ = (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား)၊ (ရှန်ကာရွိုက်)။ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တဲ့ တုပ်ကွေး၊ အစာအိမ်-တုပ်ကွေး၊ အအေးမိခြင်းတွေကို ဒီဆေးက မနိုင်ဘူး။

Azithromycin ဘေးထွက်-ဆိုးကျိုး
ပျို့၊ ဝမ်းပျက်၊ အန်၊ ကြွက်တက်၊ ဗိုက်အောင့်၊ ခေါင်းကိုက်။ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက် မိခင်တွေကို သတိဖြင့်ပေးပါ၊ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက် သောက်ပါ။ နေ့တိုင်း အချိန်တူမှာသောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။ Azithromycin extended-release suspension (Zmax™) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။

• ရက်တို နားအလည်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ STD (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ (လိုင်မ်) ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း- သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်ပေး။
• (ဂနိုရီးယား) ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း (ရှန်ကာ) အနာ၊ (ဂနိုရီးယား) မဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဉ်းခပ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။

ကလေးတွေအတွက် ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။ ထိုးဆေးမှာ 500mg ပါတယ်။ Tablet ဆေးပြာမှာ 250mg, 500mg, 600mg လာတယ်။
• နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg for 3 days or 10 mg/kg x 1 on day 1 followed by 5 mg/kg 2 – 5 days
• လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg x 1 on day 1 followed by 5 mg/kg days 2 – 5 days
• ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg oral suspension PO qDay x 3 days
• အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg PO qDay x 5 days; maximum 500 mg/day
• MAC ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။

Ofloxacin (အိုဖလောက်ဆာစင်)
• Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ ဥပမာ Floxin
• ပဋိဇီဝဆေး၊ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။
• ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။
• Haemophilus influenzae နဲ့ Streptococcus pneumoniae ပိုးတွေကြောင့်ဖြစ်တဲ့ နူမိုးနီးယား နဲ့ လေပြွန်ရောင်တာကို အများဆုံးသုံးတယ်။
• Staphylococcus aureus နဲ့ Streptococcus pyogenes ပိုးတွေကြောင့်ဖြစ်တဲ့ အရေပြားနာတွေ အတွက်လဲ သုံးတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါများတွေဖြစ်တဲ့ (ဂနိုးရီးယား) နဲ့ (ကလာမိုင်ဒီးယား) အတွက်လဲ သုံးတယ်။ (ဆစ်ဖလစ်) ကို မနိုင်ဘူး။
• E. Coli ပိုးကြောင့်ဖြစ်တဲ့ ဆီးလမ်းရောင်တာနဲ့ ဆီးကျိတ်ရောင်တာတွေအတွက်လဲ သုံးတယ်။
• Streptococcus, Enterococcus နဲ့ Anaerobic bacteria တွေကို ဒီဆေးကမနိုင်ဘူး။
• ပန်းနာအတွက်သုံးတဲ့ Theophylline နဲ့တွဲရင် သတိထားရမယ်။ အတက်ရောဂါရှိသူတွေကိုလဲ သတိထားရတယ်။ အသက် ၁၈ နှစ်အောက်ကေလး မပေးသင့်ဘူး။
• ဒီဆေးသောက်နေချိန်မှာ နေရောင်သိပ်မထိတာကောင်းတယ်။ သွေးယိုတာ နဲနဲဖြစ်နိုင်တယ်။ ဆီးချို နဲနဲတက်နိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဒီဆေးမပေးတာကောင်းတယ်။

Ofloxacin ဘေးထွက်-ဆိုးကျိုး
ပျို့၊ ဝမ်းပျက်၊ အန်၊ ခေါင်းကိုက်။ အိပ်မရတာ၊ ခေါင်းမူးတာ၊ ယားတာ၊ အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင် တာတွေဖြစ်နိုင်တယ်။ ဖနောင့်ကြောကိုထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထံထံ လေ့ကျင့်ခန်း-အလုပ်လုပ်တာ ရှောင်ရမယ်။

Ofloxacin အပါအဝင် ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ (ဗက်တီးရီးယား) တွေ အခြေအနေ ပြောင်းစေတယ်။ အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ရှားရှားပါးပါး (ရှော့ခ်) ရတတ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၄

Tuesday, August 26, 2014

အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ....

အဖွားအိုရဲ့ အိမ်ထောင်ရေး ဗျူဟာ....

Wednesday, August 27, 2014
အသက် (၈၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအို တစ်ဦးဟာ စတုတ္ထ အကြိမ်မြောက် အိမ်ထောင်ပြုခဲ့ ပါတယ်... အဲဒီသတင်းကို ကြားတဲ့ ဒေသတွင်းရှိ သတင်းဌာန တစ်ခုက အဖွားအိုကို လာရောက် အင်တာဗျူး လုပ်ခဲ့ပါတယ်...

သတင်းဌာနက အဖွားအိုရဲ့ ဘ၀ကောက်ကြောင်း တွေ... ဒီအသက်အရွယ် ရောက်မှ အိမ်ထောင်ပြု တာနဲ့ ပတ်သက်ပြီး အဖွားအိုရဲ့ ခံစားချက်တွေကို မေးမြန်းခဲ့ပါတယ်... အဲဒီနောက်မှာတော့ ယခု စတုထ္တမြောက် ခင်ပွန်းဖြစ်သူရဲ့ အလုပ်အကိုင်ကို မေးမြန်း ခဲ့ပါတယ်....

"အမေ့ လက်ရှိခင်ပွန်သည်ရဲ့ အလုပ်အကိုင်လေး သိပါရစေ?"

အဖွားအိုက တည်ငြိမ်စွာဖြင့်....

"နာရေးလုပ်ငန်း ဒါရိုက်တာပါ"

ဆက်လက်ပြီးတော့ သတင်းဌာနက စိတ်ဝင်တစားနဲ့....

"အမေ စိတ်မဆိုးဘူးဆိုရင် အရင်အိမ်ထောင်(၃)ဆက်က ခင်ပွန်းသည်တွေရဲ့ အလုပ်အကိုင်လေးတွေ ကိုလည်း သိချင်ပါတယ်...?"

အဖွားအိုဟာ အရင်အတိတ်က အကြောင်းတွေကို ပြန်စဉ်းစားဖို့ ခေတ္တခဏ ငြိမ်သက်သွားပြီး.... ခနအကြာ မှာတော့... မျက်နှာထားပြုံးပြုံးနဲ့ ဂုဏ်ယူဝံ့ကြွား ပြန်ဖြေလိုက်ပါတယ်....

"အမေအသက် (၂၀)အရွယ်တုန်းက လက်ထပ်ခဲ့တဲ့သူက ဘဏ်လုပ်ငန်းပိုင်ရှင်တစ်ယောက်ပါ.... အဲဒီနောက် အသက် (၄၀)အရွယ်မှာ လက်ထပ်ခဲ့တဲ့ ဒုတိယမြောက် ခင်ပွန်းကတော့ ဆပ်ကပ်ပြပွဲကို ဦးစီးသူတစ်ယောက်ပါ... နောက်ပြီး... တတိယမြောက်တစ်ယောက်ကတော့ ဘာသာရေးတရားဟော ဆရာ.... သူ့ကို အမေ့အသက် (၆၀)အရွယ်မှာ လက်ထပ်ခဲ့တာပါ...

အင်တာဗျူးလုပ်သူဟာ အံ့သြစွာနဲ့ အဖွားအိုမျက်နှာကို ငြိမ်သက်စွာ စိုက်ကြည့်နေပြီး... ခဏအကြာမှာ နောက်ထပ် မေးခွန်းတစ်ခုကို ထပ်မေးခဲ့ပါတယ်....

"အမေက မတူကွဲပြားတဲ့ ခင်ပွန်း ၄ ယောက်ကို ဘယ်လိုအစီအစဉ်နဲ့ အခုလို လက်ထပ်ခဲ့တာလဲ?"

အဖွားအိုက ပြုံစိစိနဲ့...

"သိပ်လွယ်တာပေါ့ ငါ့သားရယ်.... ပထမတစ်ယောက်ကို အမေက ငွေအတွက် လက်ထပ်ခဲ့တယ်... ဒုတိယ တစ်ယောက်ကိုတော့ ရှိုး(Show)အတွက် လက်ထပ်ခဲ့တယ်... တတိယမြောက်တယောက် ကတော့ (ဘုရား တရားအတွက်) အသင့်ပြင်ဆင်ဖို့ဖြစ်ပြီးတော့... နောက်ဆုံး တယောက်ကတော့ အမေလည်း သွားချိန်ရောက်ပြီ ဆိုတော့ သွားဖို့အတွက်ပေါ့...သားရယ်..." ....တဲ့......။

သတိမေ့ ရောဂါ ကာကွယ်ရန် နည်းလမ်း ၆-သွယ်

သတိမေ့ ရောဂါ ကာကွယ်ရန် နည်းလမ်း ၆-သွယ်

Sunday, April 27, 2014

သတိမေ့ ရောဂါ (သို့ မဟုတ်) စိတ်ယိုယွင်းမှု ရောဂါ (Alzheimer Disease)ဖြစ်ပေါ်မှု နည်းပါးစေရန် ကာကွယ်သော နည်းလမ်း ၆-သွယ်ကို တင်ပြလိုပါသည်။

ဤနည်းလမ်း ၆-သွယ်သည် လိုက်နာရန် အလွန်လွယ်ကူပါသည်။ မိမိ၏ လူနေမှု ဘဝကို အနည်း ငယ် ပြောင်းပစ်ရုံမျှဖြင့်သတိမေ့ ရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါသည်။ သတိမေ့ ရောဂါ မည်သို့ စတင် ဖြစ်ပွားလာသည်။ မည်သည့် အတွက်ကြောင့် ဖြစ်ပွားရသည် ဆိုသော အချက်မှာ ယနေ့တိုင် မရှင်း လင်းသေးပါ။ သို့ သော် လူတိုင်းသည် အသက်ကြီးလာသည်နှင့် အမျှ ဦးနှောက် မှတ်ဉာဏ် နည်းလာကာ သတိမေ့ ရောဂါ ဖြစ်ပွားလာတတ်၏။ သတိမေ့ ရောဂါသည် အသက် ၆၅-နှစ်ကျော်မှ စတင်တတ်ပြီး အသက် ၈၅-နှစ်ကျော်သောအခါ ရောဂါ ဖြစ်ပွား နိုင်မှုနှုန်းသည် ၅၀% ရှိလာပါသည်။ အသက်ကြီး လာ သည်ကို မည်သို့ မျှ တားဆီး၍ မရနိုင်သော်လည်း သတိမေ့ ရောဂါ မဖြစ်ပွားနိုင်အောင်ကိုမူ ယခုကတည်း က အောက်တွင် ဖော်ပြထားသော လွယ်ကူသော နည်းလမ်း ၆-သွယ်ကို လိုက်နာ ဆောင်ရွက်သင့်လှပေ သည်။

(၁)မိမိကိုယ်ကို စိန်ခေါ်ပါ။…
လူ့ ဘဝ တစ်လျှောက်လုံး တစ်သက်တာ လှုပ်ရှားနေမှု၊ လှုံ့ ဆော်နေမှုများသည် တိုးတက်လာသော ဆေး ပညာ၏ အထောက်အထားများအရ ဦးနှောက်ရှိ ဆဲလ်များကို ဖွံ့ ဖြိုးစေရန် ထိန်းသိမ်းပေးသော အရေးကြီးသော သော့ချက်တစ်ခုပင် ဖြစ်လေသည်။ မှတ်ဉာဏ် နည်းပါးလာပြီး သတိမေ့ရောဂါ ဖြစ်ခြင်း ကို နှေးကွေးစေပြီး စိတ်ယိုယွင်းမှုရောဂါ မဖြစ်ပွားစေရန် ကာကွယ် ပေးနိုင်လေသည်။ ထို့ ကြောင့် သင်သည် ဝါသနာပါသော အလုပ်တစ်ခုကို လုပ်နေပါ။ လူမှုရေးလုပ်ငန်း၊ ဘာသာရေး လုပ်ငန်းများတွင် လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပါ။

(၂)အက်(စ်)ပရင်ဆေးပြား နေ့ စဉ် စားသုံးပါ။…..
အချို့ ဆေးသိပ္ပံ သုတေသန ပညာရှင်များက အက်(စ်)ပရင် 81-mg ပါဝင်သော ဆေးပြား(Low-dose aspirin)သည် စတီးရွိုက်(Steroid)မဟုတ်သော နာကျင်ကိုက်ခဲ ပျောက်ဆေးများဖြင့် ပူးတွဲ အသုံးပြုပါက သတိမေ့ ရောဂါ ဖြစ်ပွားမှု လျော့နည်းလာနိုင်သည် ဟု ဆိုကြ၏။

(၃)ချက်ပြုတ်ရာတွင် ဆေးဖက်ဝင်သော ဟင်းခတ် အမွှေးအကြိုင်များ သံုးပါ။…..
နနွင်း၊ချင်း၊ငရုတ်ကောင်း စသော ဟင်းခတ် အမွှေးအကြိုင်များသည် ထမင်းမြိန်စေရန် သဘာဝ ဟင်းခတ် ပစ္စည်းများ ဖြစ်ပါသည်။ ၎င်းတို့ သည် ရောင်ရမ်းနာများအတွက် သဘာဝကု ဆေးများလည်း ဖြစ်၏။

(၄)အိုမီဂါ ၃-ပါဝင်သော အစာများများ စားပါ။….
အိုမီဂါ ၃-ဓာတ်ပါဝင်သော ပင်လယ်ငါးသလောက်(Selmon)၊ ငါးသေတ္တာငါး (Sardines)စသော ငါးများနှင့် လတ်ဆတ်သော သစ်ချသီး (Walnut) နှင့် လျှော်ပင်အစေ့ (flax seed)များကို များများစားပါ။

(၅)လတ်ဆတ်သော သဘာဝ သစ်သီးနှင့် ဟင်းသီးဟင်းရွက် များများစားပါ။….
သင်၏ နံနက်စာ၊ နေ့ လယ်စာနှင့် ညစာတို့တွင် အထက်ပါ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ များများ စားပေးပါ။

(၆)မပြည့်ဝသော စားသုံးဆီများ သုံးစွဲမှု လျှော့ချပါ။….
ဟင်းသီးဟင်းရွက်ဆီများ ဖြစ်သော နေကြာဆီ၊ ပြောင်းဖူးဆီနှင့် ဆူးပန်းဆီ (safflower)များ သုံးမည့်အစား သံလွင်ဆီ (Olive Oil)ကိုသုံးပါ။

မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ
အတွေးသစ် အမြင်သစ်